တောင်ကိုရီးယားတပ်မတော်က ယခုသီတင်းပတ်အစောပိုင်းမှာ စစ်မဲ့ဇုန်ရှိ စစ်ရေးနယ်နိမိတ်မျဉ်းကို ကျော်လွန် ဝင်ရောက်လာတဲ့ မြောက်ကိုရီးယားစစ်သည်တွေကို သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရရဲ့ သတင်းအရင်းအမြစ်ကိုကိုးကားပြီး Yonhap သတင်းဌာနက ဩဂုတ်လ ၁၆ ရက်မှာ ဖော်ပြလိုက်ပါတယ်။ဒီဖြစ်စဉ်ဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ နယ်စပ်မျဉ်းကျော်လွန်မှုအပေါ် တောင်ကိုရီးယားဘက်က ပထမဆုံး အကြိမ် သတိပေးပစ်ခတ်ခဲ့ရတာ ဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပိုင်းနယ်စပ်မှာ မြောက်ကိုရီးယားမှစစ်သည်အများအပြား စစ်ရေးနယ် နိမိတ် မျဉ်းကို ကျော်လွန်လာတာကြောင့်…