ရှမ်းပြည်နယ်

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏အဓိကမြို့တော်ဖြစ်ပြီး ပုဂံ မင်းဆက်များလက်ထက်အတွင်း တည်ထောင်ခဲ့သော ပြည်နယ်တစ်ခုဖြစ်သည်။ ရှမ်းလူမျိုး တို့သည်ရှမ်းပြည်နယ်ဟု ခေါ်ဆိုခြင်းထက် “မောင်တိုင်”ဟုခေါ်ဆိုခြင်းကို ပိုနှစ်သက်၍ ရှမ်းဟူ သောစကားလုံးအစား “တိုင်”သို့မဟုတ် “ဒိုင်း”ဟူ၍ သူတို့၏အမည်များတွင် အမြတ်တနိုး သုံးစွဲကြသည်။ ထိုင်းလူမျိုးများသည် ရှမ်းလူမျိုးများကို “တိုင်ရိုင်”သို့မဟုတ် “ရှမ်းကြီး”ဟူ၍ ခေါ်ကြသည်။ ရှမ်းပြည်နယ်၌နေထိုင်သော ဒုတိယအများဆုံးလူမျိုးစုမှာ ဝလူမျိုးတို့ဖြစ်သည်။ ရှမ်းပြည်နယ်၏တောင်တန်းများ ဝန်းရံနေသော မြင်ကွင်းနှင့် ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်တို့၏အလှသည် မြင်သူတိုင်းအတွက် ရင်သပ်ရှုမောဖွယ် ကောင်းလှပါသည်။ ရှမ်းပြည်နယ်တွင် ပအို့၊ ပလောင်၊ လီဆူး၊ လားဟူ၊ အခါ၊ ကိုးကန့်နှင့် အင်းသားစသည့် လူမျိုးစုများ စုပေါင်းနေထိုင်ကြသည်။ ကိုးကွယ်သောဘာသာများမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်မှုတို့ရှိသည်။ ဒေသခံများသည် မြန်မာဘာသာစကားအပြင် ထိုင်းဘာသာစကားနှင့် ဆင်တူသောရှမ်းစကားဖြင့် ပြောဆိုဆက်ဆံ ကြသည်။ ရှမ်းပြည်နယ်သည် (၁၅၅၈၀၁) စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိပြီး တောင်တန်း ဒေသဖြစ်၍ချမ်းအေးပြီး အပူပိုင်းဒေသတွင် တည်ရှိသည်။ တရုတ် ၊လာအို၊ ထိုင်းစသည့် အိမ်နီး ချင်းနိုင်ငံများနှင့်နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပါသည်။   ရှမ်းပြည်နယ်ဟူသော အခေါ်အဝေါ်သည် ရှမ်းလူမျိုးများမှဆင်းသက်လာပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများကို ရှမ်းပြည်နယ်တွင် တွေ့ရှိနိုင်သည်။ (၂၀၁၄)ခုနှစ်သန်းခေါင်စာရင်း များအရ ရှမ်းပြည်နယ်၏လူဦးရေမှာ(၅.၈၂၄)သန်းခန့်ရှိသည်။ သမိုင်းကြောင်း ရှမ်းလူမျိုးများသည် တိုင်-ကတိုင်မျိုးနွယ်စုများမှ ဆင်းသက်လာသော မျိုးနွယ်တစ်ခု ဖြစ်သည်။ ရှမ်းကုန်းမြေမြင့် ဒေသတွင် အများဆုံး နေထိုင်ကြပြီး ချင်းတောင်တန်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုး တန်းဒေသများမှအပ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပျံ့နှံ့နေထိုင်ကြသည်။ အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦး ဘုရား၊ ပင်းတယရှိ ရွှေဥမင်ဘုရား၊ ဆီဆိုင်ရှိ မွေတော်ကက္ကူဘုရား၊ သီပေါမြို့ရှိ ဘော်ကြိုဘုရား၊ အောင်ပန်းမြို့အနီးရှိ မြင်းမထိဂူ၊ ဟိုပုန်းဒေသရှိ ထန်ဆန်းဂူ၊ နောင်ချိုမြို့ အနီးရှိ ဂုတ်ထိပ်တံတား၊ ကျိုင်းတောင်း ရေတံခွန်နှင့် လားရှိုးရေပူစမ်းတို့သည် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ချင်စရာ အကောင်းဆုံးနေရာများ ဖြစ်ကြသည်။ ရှမ်းလူမျိုးတို့၏ ပွဲတော်များအနက်ဒီဇင်ဘာလတွင် ကျင်းပသော တောင်ကြီးမီးပုံးပျံပွဲတော်သည် ရှမ်းလူမျိုးများ အားလုံး ပျော်ရွှင်စွာ ဆင်နွှဲသည့် အကြီးဆုံးပွဲတော် ဖြစ်သည်။ မိုင်းရှူးရတနာမြေမှ ထွက်ရှိသည့် ပတ္တမြား၊ ကျောက်နီနှင့် နီလာတို့သည် ရှမ်းပြည်နယ်၏ အကျော်ကြားဆုံး သဘာဝတွင်းထွက် ရတနာများ ဖြစ်ကြသည်။ လက်ဖက်ခြောက်၊ လက်ဖက်စိမ်း၊ ပဲပုပ်၊ လိမ္မော်၊ မက်မန်းနှင့် ထောပတ်သီးများသည် ရှမ်းပြည်နယ်၏ အကျော်ကြားဆုံးသော ဒေသထွက်ကုန်များ ဖြစ်ကြသည်။ ရှမ်းအိုးစည်နှင့် ဓားသိုင်းအက၊ တိုးနယားနှင့် ကိန္နရီ၊ ကိန္နရာအကတို့သည် ထင်ရှားသော ရိုးရာအကများ ဖြစ်ကြသည်။ ရှမ်းပြည်နယ်ကို ချယ်ရီမြေဟု လူအများက တင်စားခေါ်ဝေါ်ကြသည်။            အထင်ကရနေရာများ ထမ့်စမ်းဂူ သည် ပင်လယ်ရေမျက်နှာပြင်အထက်(၁၈၀ဝ)မီတာ၊ တောင်ကြီးမြို့မှ (၄၈)ကီ လိုမီတာအကွာတွင်တည်ရှိပြီး ဦးပဉ္စင်းတစ်ပါးတွေ့ခဲ့သော ကြီးမားထည်ဝါလှသည့် ထုံးကျောက် ဂူတစ်ဂူဖြစ်ပါသည်။ ဂူအမြင့်မှာ ၁၀ပေရှိကာဂူထဲတွင် နှစ်သန်းပေါင်းများစွာ အချိန်ယူဖြစ်ပေါ် လာရသော လွန်လှပသည့်ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်များဖြင့် ပြည့်နက်နေပါ သည်။ ထို့ကြောင့် ဤရှားပါးထူးခြားလွန်းသည့် ထမ့်စမ်းဂူသည် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ နှင့် လိုဏ်ဂူပညာရှင်များ၏ စိတ်ဝင်စားရာနေရာတစ်ခုဖြစ်ပါတော့သည်။ ပင်းတယဂူ ထဲတွင် အရွယ်အစား၊အမျိုးအစားစုံလင်သော ဗုဒ္ဓဆင်းတုတော်များစွာကို တွေ့မြင်နိုင်ပါသည်။ ဆင်းတုတော်ပေါင်း(၈၀၉၄)ဆူရှိကာ တစ်ချို့မှာ ရာစုနှစ်ပေါင်းများစွာ ကပင် ရှိနေသောရုပ်ပွားတော်များဖြစ်ပြီး တစ်ချို့မှာ မကြာသေးမီကာလတွင်မှ ပူဇော်ထားသော ရုပ်ပွားတော်များဖြစ်သည်။ ဤလိုဏ်ဂူမှာ ဗုဒ္ဓဆင်းတုတော်များစွာ တည်ထားကိုးကွယ်ရာ သာသနာ့မြေဖြစ်သောကြောင့် အထွတ်အမြတ်ထားရာနေရာဖြစ်ပါသည်။ ပြဒါးလင်းဂူ သည် ကျောက်ခေတ်နှောင်းကာလ၏ ယဉ်ကျေးမှုလက်ရာပေါင်းများစွာ ရှိသည့်ဂူဖြစ်ပါသည်။ ဂူနှစ်လုံးပါဝင်ပြီး တစ်လုံးနှင့်တစ်လုံး မီတာ(၃၀)ကွာဝေးပါသည်။ ဂူထဲ တွင် ကျောက်ထွင်းနံရံများ၊ နံရံဆေးရေးပန်းချီကားများနှင့် အရိုးဖြင့်ပြုလုပ်ထားသော လက်နက်များ၊ ကျောက်ဖြင့်ပြုလုပ်ထားသော လက်နက်ကိရိယာများကို တွေ့နိုင်ပါသည်။ မွန်တဝဂူ သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက တောင်နံရံပေါ်တွင် ဖြစ်ပေါ်ခဲ့ သောဂူဖြစ်ပါသည်။တောင်ကြီးမြို့မှ (၃)ကီလိုမီတာအကွာတွင်တည်ရှိပြီး ကားဖြင့် အလွယ် တကူသွားရောက်နိုင်ပါသည်။ ဗုဒ္ဓဆင်းတုတော်ပေါင်း(၁၀ဝဝ)ကျော်ရှိ၍ ဂူအဝင်ဝသည် ကျဉ်း မြောင်းကာ အထဲတွင်နက်စောက်ကျယ်ပြန့်သွားသည်။ ဂူအနက်မှာလည်း တိုင်းတာနိုင်ခြင်းမရှိ သေးသောကြောင့် လည်ပတ်ရန်စိတ်ဝင်စားစရာကောင်းသောဂူဖြစ်ပါသည်။ ရှမ်းပြည်နယ်၏မြို့တော်တောင်ကြီးမြို့သည် အေးချမ်းသာယာ၍ ရာသီဥတုကောင်း သောကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ညအိပ်အပန်းဖြေရာမြို့ဖြစ်ပါသည်။ ပွဲတော် ကာလများတွင် လူစည်ကားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မြို့ထဲရှိ ဘုရားများသို့လည်ပတ်နိုင်သလို ပွဲတော်များတွင်လည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။ တောင်ကြီးဈေးတွင် ရှမ်းရိုးရာယဉ်ကျေးမှုကိုထင်ဟပ်စေသော ပစ္စည်းများစွာလည်း ရရှိနိုင်ပါ သည်။ လားရှိုးမြို့သည် ဒုတိယကမ္ဘာ့စစ်ပွဲတွင် အင်္ဂလိပ်လူမျိုးများတည်ဆောက်ခဲ့သော လားရှိုး လမ်းမကြီးကြောင့် ထင်ရှားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ရှမ်းပြည်၏လှပစိမ်းစိုသောရှုခင်းများ၊ လတ်ဆတ်သန့်ရှင်းအေးမြသောလေတို့ကို ကားဖြင့်သော် လည်းကောင်း၊ တောင်ပေါ်လမ်းမှရထားဖြင့်သော်လည်းကောင်း ခံစားနိုင်ပါသည်။ လားရှိုးမြို့ အနီးနားရှိရေပူစမ်းများတွင်လည်း အပန်းဖြေအနားယူနိုင်ပါသည်။   ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင် ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင် ဟူ၍ ခရိုင်သုံးခုပါဝင်သည်။ တောင်ကြီးခရိုင် တွင် ၁၀ မြို့နယ်၊ လွိုင်လင်ခရိုင်တွင် ခုနစ်မြို့ နယ်နှင့် လင်းခေးခရိုင်တွင် လေးမြို့နယ် ခရိုင် ချုပ်မြို့နယ်ပေါင်း ၂၁ မြို့နယ် ပါဝင်သည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် တွင် တောင်ကြီး၊ ညောင်ရွှေ (အင်းလေး)၊ ကလော၊ ဖယ်ခုံ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့မှာ ထင်ရှားသည်။ လွိုင်လင်ခရိုင်တွင် ပင် လုံ၊ မိုင်းရှူးနှင့် ကွန်ဟိန်းတို့မှာ ထင်ရှားသည်။ လင်းခေးခရိုင်တွင် မိုးနဲနှင့် ကျိုင်းတောင်းမှာ ထင်ရှားသည်။ ကမ္ဘာကျော် ထင်ရှားနေရာဒေသများ ညောင်ရွှေဒေသသည် ရှေးနှစ်ထောင် ပေါင်းများစွာကပင် တည်ရှိခဲ့သော မြို့တော် ဟောင်း အများအပြားတည်ရှိသည်။ အင်း လေးကန်သည် နိုင်ငံတကာအဆင့် ထိန်းသိမ်း ရေးနယ်မြေများအဖြစ်သတ်မှတ်ခံထားရပြီး ဖြစ်ပါသည်။  ယခု ထပ်မံအတည်ပြုသတ်မှတ်ခံရသည့် နိုင်ငံတကာ အရေးပါသည့် ရေဝပ်ဒေသ (ရမ် ဆာထိန်းသိမ်းရေးနယ်မြေ) သည် အင်းလေး ကန်ကြီးအတွင်းရှိ ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ် များ အဓိကပေါက်ပွားရာ နေရင်းဒေသနှင့် ဆောင်းခိုငှက်များ ကျရောက်ကျက်စားရာ နယ်မြေများပါဝင်နေသည့် ညောင်ရွှေမြို့နယ် အပိုင်း အင်းလေးကန်ရေပြင်ဧရိယာနှင့် သဘာဝ ကျွန်းမျောဧရိယာများပါဝင်ပြီး စုစုပေါင်း ဧရိ ယာ ၁၄၃၂၆ ဒသမ ၁၈ ဧက၊ ၅၇၉၇ ဒသမ ၆ ဟက်တာကို ရမ်ဆာထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည် နယ် သစ်တောဦးစီးဌာနမှ သိရသည်။ ကလောမြို့နယ်သည် တောင်စဉ်တောင် တန်းများဖြင့် ရှုခင်းလှပပြီး နိုင်ငံခြားသားခရီး သွားဧည့်သည်များ ဒုတိယအများဆုံး လာ ရောက်လည်ပတ်သောနေရာဖြစ်သည်။ ကလောမြို့သည် အနည်းငယ်ကျဉ်းသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး ကိုလိုနီ ခေတ် အငွေ့အသက်များ ထုံမွှမ်းနေပြီး ထင်း ရှူးမြို့တော်ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ​