ကချင်ပြည်နယ် ဖားကန့်မြို့၌ ယနေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရပ်ကွက်အချို့အတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။ ထိုသို့ မိုးသည်းထန်စွာရွာသွန်းသောကြောင့် ငှက်ပျောတောရပ်ကွက်၊ မြို့မရပ်ကွက်၊ မှော်ဝမ်းရပ်ကွက်၊ အေးမြသာယာနှင့် မရှီကထောင်ရပ်ကွက်တို့၌ ရေဘေးသင့်ပြည်သူ ၁၉၅၇ ဦးခန့်ရှိသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ထမင်း၊ ဟင်း ၂၁၀၀ ဘူးနှင့် ရေသန့်ဘူး ၂၂၀၀ ကို ပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။