ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၁ဝ/၂ဝ၂၅ အရ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်း စားဝန်ထမ်းများသည် မနက်ဖြန် အောက်တိုဘာ ၁ ရက်မှစတင်၍ အပိုထောက်ပံ့ကြေးကျပ်(၃၀,၀၀၀)ကိုလစဥ် ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများအားအပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လကျပ်(၃၀,ဝဝဝ)အား ၂ဝ၂၃ ခုနှစ်၊ အောက် တိုဘာလမှစ၍ ပထမအကြိမ်၊ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ဒုတိယအကြိမ်အဖြစ် လစဉ်ခံစားခွင့်ပြုခဲ့ရာမှ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ်(၆ဝ,ဝဝဝ)အပြင် ထပ်မံ၍ကျပ်(၃၀,ဝဝဝ)ကို…