အောက်တိုဘာ ၁ ရက်မှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ အပိုထောက်ပံ့ကြေးထပ်မံခံစားခွင့်ရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၁ဝ/၂ဝ၂၅ အရ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်း စားဝန်ထမ်းများသည် မနက်ဖြန် အောက်တိုဘာ ၁ ရက်မှစတင်၍ အပိုထောက်ပံ့ကြေးကျပ်(၃၀,၀၀၀)ကိုလစဥ် ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများအားအပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လကျပ်(၃၀,ဝဝဝ)အား ၂ဝ၂၃ ခုနှစ်၊ အောက် တိုဘာလမှစ၍ ပထမအကြိမ်၊ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ဒုတိယအကြိမ်အဖြစ် လစဉ်ခံစားခွင့်ပြုခဲ့ရာမှ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ်(၆ဝ,ဝဝဝ)အပြင် ထပ်မံ၍ကျပ်(၃၀,ဝဝဝ)ကို အပို ထောက်ပံ့ကြေးအဖြစ် လစဉ်ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းများကိုလည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ်(၃၀,၀၀၀)ကို အပိုထောက်ပံ့ကြေးအဖြစ် လစဥ်ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။အဆိုပါ အပိုထောက်ပံ့ကြေးအား အငြိမ်းစားယူရန်ကြို တင်ပြင်ဆင်ခွင့်(၄)လအတွက်နှင့် လစာပြည့်(သို့)လစာဝက် လစာငွေရရှိသော အခြားခွင့်ခံစားနေသည့်ကာလအတွင်း အပိုထောက်ပံ့ကြေးကိုခံစားခွင့်ရှိပြီး “ပညာ သင်ကြားခွင့်”ဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ စေလွှတ်ခြင်းခံရသော ဝန်ထမ်းများနှင့်ပညာသင်ခွင့်စည်းကမ်းချက်များဖြင့် နိုင်ငံခြားသို့သွားရောက်ပညာသင်ကြားနေသည့်ဝန်ထမ်းများမှာ ယင်း ကာလအတွင်းအပိုထောက်ပံ့ကြေးခံစားခွင့်မရှိကြောင်း သိရသည်။

ထို့အတူ လုပ်ငန်းစာချုပ်ရှိသည့် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းပမာဏ(သို့)အရေအတွက်ကိုလိုက်၍ အခ ကြေးငွေရရှိသည့် ဝန်ထမ်းများနှင့်အလုပ်သမားများ၊ အချိန်ပိုင်းသာဆောင်ရွက်ရသည့် ဝန်ထမ်းများသည်လည်း အပိုထောက်ပံ့ကြေးကိုခံစားခွင့်မရှိကြောင်း သိရသည်။ထိုသို့ သတ်မှတ်ထားသော်လည်း တာဝန်ထမ်းဆောင်ရာ၌ လိုအပ်သောအရည်အချင်းပြည့်စုံမှုအတွက် ပြည် တွင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတစ်ခုခု၊ စက်မှုစိုက် ပျိုးနှင့် သက်မွေးပညာဆိုင်ရာသိပ္ပံ(သို့)အထက်တန်း ကျောင်းတစ်ခုခုတွင် ပညာသင်ခွင့်စည်းကမ်းချက်များဖြင့် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ဝန်ထမ်းများမှာမူ ပညာသင်ခွင့်ကာလအတွင်းအပိုထောက်ပံ့ ကြေးရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရာထူးမှ ခေတ္တချထားခြင်းခံရသော ဝန်ထမ်းများအား တည်ဆဲနည်းဥပဒေများအရ နေထိုင်စားသောက်မှုစရိတ်ထုတ်ပေးထားစဉ်အတွင်း၊ ပုံသေလစာရရှိသောဝန်ထမ်းများသည်လည်း အပိုထောက်ပံ့ကြေးရရှိမည်ဖြစ်ကြောင်း သိရသည်။

▪️နေ့စားဝန်ထမ်းများနှင့်နေ့စားအလုပ်သမားများသည်လည်း နေ့စဉ်လုပ်ခ ကျပ်(၇,၈ဝဝ)ရရှိမည်ဖြစ်ကာ အငြိမ်းစားဝန်ထမ်းများသည်လည်း အပိုထောက်ပံ့ ကြေးကျပ်(၃၀,၀၀၀)ကိုလစဉ်ထပ်မံခံစားခွင့်ပြုခဲ့သော်လည်း နိုင်ငံခြားတိုင်းပြည်များ၌ ယာယီ(သို့) အမြဲတမ်းနေထိုင်သူများမှာ နိုင်ငံခြားတွင်ရှိနေစဉ်အတွင်း အပိုထောက်ပံ့ကြေးရရှိမည်ဘဲ ယခုခွင့်ပြုသော အပိုထောက်ပံ့ကြေးအား တစ်လုံးတည်းပင်စင်အဖြစ်လဲလှယ်ခွင့်မရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *