မန္တလေးတိုင်းဒေသကြီး ၊ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်(တောင်)ရပ်ကွက်၊အကွက်(၉၀၂)၊၇၈လမ်း၊စစ်ကိုင်းလမ်းခွဲနှင့်မြနန္ဒာလမ်းကြား၊ဦးပွားဂုံးကျော်တံတားအနီး၊မီးရထားသံ လမ်းပေါ်၌ ကိုရင်တစ်ပါး မီးရထားအတိုက်ခံရ၍ သေဆုံးနေကြောင်း သိရသည်။ သေဆုံးသူမှာ ရှင်ပုညနန္ဒ၊လူအမည် အိုက်မန်း၊၁၄နှစ်၊ဝါတော် ၄ဝါ၊(ဘ)ဦးအိုက်ထွန်း၊နံကပ်ကျေးရွာ၊ရပ်စောက်မြို့နယ်(ယခု ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်(တောင်)ရပ်ကွက်၊အကွက် (၈၇၁)၊ချမ်းမြသာစည်ကျောင်း တိုက်တွင် သီတင်းသုံးနေထိုင်သူ)ဖြစ်ပြီး ၅-၁၁-၂၀၂၅ ရက်နေ့ညနေ၅နာရီ အချိန်ခန့်တွင် တစ်ကျောင်းတည်းအတူ သီတင်းသုံးနေထိုင်သည့် ရှင်မုနိန္ဒ၊၇နှစ်၊ဝါတော် ၂ဝါ၊(ဘ)ဦးပေါ်အန်း၊နံကပ်ကျေးရွာ၊ရပ်စောက်မြို့နယ်နေထိုင်သူနှင့်အတူ သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်မှ ထွက်လာခဲ့ပြီး ဦးပွားဂုံးကျော်တံတားအနီး၊ရန်ကုန်-မန္တလေး အစုန်သံလမ်း ၂ခုကြားတွင် ရှင်ပုညနန္ဒမှ အိပ်နေခဲ့ပြီး…