လူတစ်ယောက်ရဲ့အလှကိုမြင်အောင်မကြည့်တတ်ရင်အကုသိုလ်တွေ ဖြစ်နိုင်ပါတယ် ။ အကြိုက် စရိုက်မတူတိုင်းမေတ္တာထားကြည့်လို့ မရတာမျိုး ကိုယ်စိတ်ထားမတတ်တိုင်းသူများကိုအထင်သေးတာမျိုးတွေဘယ်တော့မှမဖြစ်ပါစေနဲ့ ။ ငွေစက္ကူတိုင်းမှာသူ့တန်ဖိုးနှင့်သူရှိနေတတ်သလို လူတိုင်းမှာလည်းသူတန်ဖိုးနှင့်သူရှိနေတတ်ကြပါတယ် ။ သူများဘ၀ကိုဖြည့်တွေးလို့ မပေးနိုင်ရင်တောင်ပရမ်းပတာ အပြစ်မပြောသင့်ပါဘူး ။ […]