အင်းစိန်ထောင်ရှေ့ ပေါက်ကွဲမှု သေဆုံးသူ ၈ ဦးအထိ မြင့်တက်လာကာ ဒဏ်ရာ ရရှိထားသူ ၁၂ ဦး ရှိပြီး သေဆုံးသူ ၈ ဦးထဲတွင် ၁၀ နှစ်အရွယ်ကလေး ၁ ဦး ပါဝင်နေကြောင်း သိရှိရပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့ အဝင်အထွက်ပေါက်မှာ ဒီနေ့မနက်ပိုင်းတုန်းကဖြစ်ပွားတဲ့ ပေါက်ကွဲမှု ၂ ခုမှာ သေဆုံးသူ ၈ ဦးအထိ
မြင့်တက်လာပြီး သေဆုံးသူတွေထဲမှာ အကျဥ်းဦးစီးဌာနဝန်ထမ်း အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး၊ ထောင်ဝင်စာလာပို့တဲ့အမျိုးသမီး ၅ ဦးသေဆုံးတယ်လို့
အင်းစိန်ထောင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပေါက်ကွဲမှုဟာ ထောင်ဝင်စာနဲ့ပစ္စည်းပို့အဆောက်အဦးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းတဲ့ထောင်ဝန်ထမ်းတွေနဲ့ ထောင်ဝင်စာပို့သူတွေကိုတော့ ထောင်အနောက်ဘက်ပေါက်ကနေ သယ်ယူလျက်ဆေးကုသရေးအတွက် ဆောင်ရွက်လျက်ရှိပြီး
ထိခိုက်ဒဏ်ရာမပြင်းတဲ့သူတွေကိုတော့ အနီးနား စျေးဆိုင်တွေကနေ ဒဏ်ရာတွေကို ကုသပေးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ တပ်မတော်စစ်ကြောင်းက တာဝန်ရှိသူတွေက အင်းစိန်ထောင်အနီးမှာ စစ်ဆေးရှာဖွေမှုများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
အကြမ်းဖက်သမား nug/pdf များ အနေဖြင့် ပြည်သူအများအပြားနေထိုင်ရာ နေရာနှင့် အဆောက်အဦးများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့် ဖောက်ခွဲတိုက်ခိုက်မှုများ
နေ့စဉ်ရက်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
