ဒီဇင်ဘာ ၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်မြေခံတပ်ရင်းအနီး ချမ်းသာကျေးရွာ (၇) မိုင်သို့ နယ်မြေရှင်းလင်းစဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းစဉ်- TNLA ၁ လောင်းအမ်အေ(၁) ၁ လက် သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။