လောဘဆိုတဲ့သဘောကပြီးသွားတယ်ဆိုတာမရှိဘူးလိုပြီးရင်းလိုချင်နေတာ ဒါကြောင့်လောဘဟာပင်လယ်သမုဒ္ဒရာကြီးနဲ့တူနေတယ် ။ ပင်လယ်သမုဒ္ဒရာဆိုတာဘယ်ကရေတွေဝင်လာဝင်လာလက်ခံတဲ့သဘောရှိသလို လောဘဆိုတာကလည်းအသစ်အသစ်လိုချင်စရာအာရုံတွေ တွေ့လာတိုင်းလိုချင်တောင်းတနေတာပဲလေ ။ ဘယ်မှာများအားရကျေးနပ်မှုရှိသွားလို့လဲ ။ ဘဝဆုံးချင်ရင်တော့လောဘကြီးနေလို့မဖြစ်ပါဘူး ။ လောဘအမြစ်ပွားလေလေဒုက္ခပွားလေလေပါပဲ….။ လိုချင်တာတွေရကာမှဒုက္ခရောက်မယ့်အဖြစ်မျိုးကိုဘာလို့ တောင်းတနေမှာလဲ ။ […]