တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ (၂၀) ရက်စွဲနှင့် ထုတ်ပြန်လာပါတယ်။ ကိုးကန့်ဒေသနှင့် "ဝ" ဒေသ ဟိုပန်မြို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်မှ မော်တော်ယာဉ်များ၊ လူနှင့် ကုန်စည်သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရာမှ ယခုကဲ့သို ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ စစ်ဘက်ဆိုင်ရာ…