မမောနိုင် မပန်းနိုင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေကြတဲ့ တပ်မတော်သားများ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်နေရာတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မမောနိုင် မပန်းနိုင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေကြတဲ့ တပ်မတော်သားများနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ မြင်ကွင်းပုံရိပ်များအား ဖော်ပြအပ်ပါတယ်။

ယာယီဆေးရုံများနှင့် ကူညီကယ်ဆယ်ရေးစခန်းများ ချက်ချင်းတည်ဆောက်

မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ပြည်သူများအတွက် ယာယီဆေးရုံများနှင့် ကူညီကယ်ဆယ်ရေးစခန်းများ ချက်ချင်းတည်ဆောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံရဲ့အကူအညီတွေ စတင်ရောက်ရှိ

မြန်မာ့ငလျင်ဘေးအတွက် အိန္ဒိယနိုင်ငံရဲ့အကူအညီတွေ စတင်ရောက်ရှိလာပြီပဲ ဖြစ်ပ့တယ်။ မြေပြင်ရာက်ရှိပြီး ကယ်ဆယ်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ရုရှားသမ္မတပူတင်မှ ကယ်ဆယ်ရေးအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်

ရုရှားသမ္မတဗလာဒီမာပူတင်၏ ညွှန်ကြားချက်အရ ငလျင်ကြောင့်ဖြစ်ပေါ်သော အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရန် ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဆရာဝန်များပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံသို့ လေယာဉ် ၂ စီးဖြင့် စေလွှတ်လိုက်ကြောင်း သိရသည်။

မင်္ဂလာရှိသော နေ့သစ်ဖြစ်ကြပါစေ

ကျန်းမာပျော်ရွှင်၊ စိတ်ကြည်လင်၍၊ လိုအင်ဆန္ဒ၊ တတိုင်းရလျှက်၊ သုခမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသော နေ့သစ် ဖြစ်ကြပါစေခင်ဗျာ🙏🙏🙏🙏—