လင်မယားချင်းခိုက်ရန်ဖြစ်ပွားရာမှခင်ပွန်းဖြစ်သူကဇနီးသည်ရဲ့ ဦးခေါင်းကိုတူနဲ့ထုပြီးထွက်ပြေး

ဖေဖေါ်ဝါရီ ၁၀ရက်က လင်မယားချင်းခိုက်ရန်ဖြစ်ပွားရာမှခင်ပွန်းဖြစ်သူကဇနီးသည်ရဲ့ဦးခေါင်းကိုတူနဲ့ထုပြီးထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့မှုခင်းဖြစ်စဉ်တစ်ခုအင်းစိန်မြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလင်မယားဟာကွဲကွာနေကြသူတွေဖြစ်ပြီးခင်ပွန်းဖြစ်သူကဇနီးသည်နေအိမ်သို့ပြန်လာရာမှနှစ်ဦးသားစကားအချေအတင်များကာခိုက်ရန်ဖြစ်ပွားရာကနေအခုလိုထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ “အမျိုးသမီးဖြစ်သူကဦးခေါင်းမှာနှစ်ချက်ထိတယ်၊တူနဲ့ထုတာဆိုတော့ခန္ဓာကိုယ်အနှံ့အပြားမှာဖူးယောင်ဒဏ်ရာတွေရတယ်၊ခေါင်းကွဲတယ်၊လူနာကတော့စိုးရိမ်ရတဲ့အနေအထားမရှိပါဘူး။လက်ရှိတော့အင်းစိန်ဆေးရုံမှာပဲတင်ထားတာပေါ့။သူတို့ကလင်မယားချင်းကကွဲနေရင်းရဲ့ယောကျာ်းဖြစ်သူကအိမ်ကိုပြန်လာပြီးပြဿနာလာရှာတယ်ပြောတယ်။ယောကျ်ားဖြစ်သူကအရက်သေစာသောက်စားပြီးပြဿနာလာရှာတာလို့လည်းလူနာနေအိမ်အနီးပတ်ဝန်းကျင်မှာနေတဲ့သူတွေကပြောပါတယ်။အဲ့လိုရန်ဖြစ်ရိုက်နှက်ပြီးသွေးထွက်သံယိုဖြစ်တော့ပတ်ဝန်းကျင်ကမနေနိုင်လို့လာကြတဲ့အခါအမျိုးသားဖြစ်သူကထွက်ပြေးသွားတယ်ပြောပါတယ်။ပတ်ဝန်းကျင်ကလူတွေပဲထိခိုက်ဒဏ်ရာရခဲ့တဲ့အမျိုးသမီးကိုဆေးရုံပို့ဆောင်ပေးဖို့ ကျွန်တော်တို့ကိုဖုန်းလှမ်းဆက်ခေါ်တာနဲ့လူနာကိုသွားရောက်ခေါ်ဆောင်ပြီးအင်းစိန်ဆေးရုံကိုပို့ပေးခဲ့တာဖြစ်ပါတယ်”လို့ နယ်မြေခံလူမှုကူညီရေး ပရဟိတသမားတစ်ဦးက ပြောပါတယ်။

လှိုင်သာယာရှိ CB ဘဏ် ဓါးပြတိုက်ခံရကာ ကျပ်သိန်း ၅၀ခန့်ပါသွား

ဖေဖော်ဝါရီလ ၁၀ရက်နေ့ နေ့လည် ၂နာရီ ၅၀မိနစ်အချိန်က လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ၆ရပ်ကွက် သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲ ဓါးပြတိုက်ခံခဲ့ရတာဖြစ်ပါတယ်။ “လူတစ်ယောက် ဘဏ်ထဲဝင်လာပြီး သေနတ်ပြလုတာ၊ ကောင်တာပေါ်ရှိတဲ့ […]

မနေ့ ညနေပိုင်းက ရန်ကုန် ဒလ သင်္ဘောကျင်းအနီး သင်္ဘော မီးလောင်

ဖေဖော်ဝါရီ ၈ရက်နေ့ ညနေ့ ၅ နာရီ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဒလသင်္ဘောကျင်းအနီးတွင် သင်္ဘောမီးလောင်မှုဖြစ်ပွါးခဲ့တာပါ။ အဆိုပါ မီးလောင်မှုကို ဒလမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွါငြှိမ်းသတ်မှု […]

ပဲခူးတိုင်းဒေသကြီး၊ ဖိုးကျားဆင်စခန်းအနီး ၁၀ ဘီးကားတစ်စီး အိမ်တစ်လုံးကို ဝင်တိုက်

ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမဖြတ်ကျော် ဖိုးကျားဆင်စခန်းအနီး ၁၀ ဘီးကားတစ်စီး အိမ်တစ်လုံးကို ဝင်တိုက်ပြီး […]

ပြင်ဦးလွင်မြို့လယ်တွင် ဓားဒဏ်ရာများဖြင့် လမ်းဘေးသေဆုံးနေသည့် အမျိုးသားနှစ်ဦး တွေ့ရှိ

ပြင်ဦးလွင်မြို့၏ အချက်အချာကျသော နေရာတစ်ခုဖြစ်သည့် ချယ်ရီလမ်းနှင့်(၁၇)လမ်းထိပ်၊ ပန်းချယ်ရီဟိုတယ်အနီးတွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်အစောပိုင်းက ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိရကြောင်း ပြင်ဦးလွင်အခြေစိုက် […]

တရုတ်နိုင်ငံ အဝေးပြေးလမ်းမပေါ် ကားအစီးရေ ၅၀ နီးပါးဆင့်တိုက်၊ လူ ၁၆ ဦးသေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်းက အဝေးပြေးလမ်းမပေါ် ကားအစီးရေများစွာ ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ကာ ဒါဇင်နဲ့ ချီပြီး ဒဏ်ရာရခဲ့ကြောင့် ဖေဖော်ဝါရီ ၅ ရက်က […]

လွိုင်ကော်မှာ ကြက်သွန်လှီးဓါးနဲ့ သေကြောင်းကြံစည်မှု ဖြစ်ပွား

ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ အမျိုးသားတစ်ဦးမိမိကိုယ့်ကိုယ် အိမ်သုံးကြက်သွန်လှီးဓါးနဲ့ ခန္ဓာကိုယ်နေရာအနှံ့လှီးကာ သေကြောင်းကြံစည်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးသမားတွေထံကနေ သိရပါတယ်။ ကိုယ့်ကိုယ် ကိုယ်ဓါးနဲ့လှီးခဲ့သူအမျိုးသားဟာ လွိုင်ကော်မြို့၊ဒေါနိုးကူးရပ်ကွက်(ကွက်သစ်)နေအိမ်မှာ တစ်ဦးထဲနေထိုင်တဲ့ ကိုခန့်ဇော်ဦး အသက်(၄၁)နှစ်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ “သူကအသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပါဘူး။သူ့ကိုလွိုင်ကော်ဆေးရုံကိုပို့ပေးထားပါတယ်။လက်ကောက်ဝတ်မှာဓါးဒဏ်ရာရတယ်၊လည်ပင်းမှာက […]

၂၀၂၂ တစ်နှစ်လုံးစာ မီးလောင်ဆုံးရှုံးမှုထက် ဇန်နဝါရီလအတွင်း မီးလောင်မှုက ဆုံးရှုံးမှုပိုများ

၂၀၂၂ ခုနှစ် တစ်နှစ်လုံးစာ မီးလောင်ဆုံးရှုံးမှုတန်ဖိုးထက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း မီးလောင်မှုဆုံးရှုံးမှုတန်ဖိုးက ကျပ်သန်းပေါင်းများစွာ ဆုံးရှုံးမှုပိုများခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ကနေ သိရပါတယ်။ ၂၀၂၃ ခုနှစ် […]

နေပြည်တော်ကျောင်းတစ်ကျောင်းမှာ တပည့်ကိုကယ်ရင်း ဆရာရောတပည့်ပါ သေဆုံးခဲ့တဲ့ ဗီဒီယိုမှတ်တမ်း

ဆရာဆိုတာ အနန္တဂိုဏ်းဝင်ဖြစ်တယ်ဆိုတာ ဒီလို နာ(၃) နာ ရှိလို့ ဒီလိုတွေပေးဆပ်နိုင်လို့ ဆရာလို့ခေါ်တာ.. အသက်အရွယ်ငယ်ပေမယ့် တကယ့်ကိုဆရာ့ဂုဏ်နဲ့ ပြည့်ဝတဲ့ သူတစ်ယောက်ပါ…တပည့်တစ်ယောက်ကို အသက်ပေးပြီး ကယ်ဆယ်ခဲ့ပေမယ့် ဆရာရောတပည့်ပါ […]

နေပြည်တော် ကိုယ်ပိုင်ကျောင်းတစ်ခုမှ ကျောင်းသူတစ်ဦး အဆုံးစီရင်ဖို့ လုပ်ဆောင်ရာ လိုက်ဆွဲတဲ့ဆရာပါ နှစ်ဦးလုံး သေဆုံး

တစ်နေ့က က နေပြည်တော်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်…… နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ခုတွင် ညနေ ကျောင်းဆင်းချိန်၌ လေးလွှာမှ Grade 10 ကျောင်းသူတစ်ဦး မိမိကိုကိုယ် […]

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြံမြေအကျိုးဆောင်လက်မှတ် ထုတ်ပေးသွားမယ်ဟုဆို

ရန်ကုန်မှာ လတ်တလော အိမ်ခြံမြေ အကျိုးဆောင်လက်မှတ်ထုတ်ပေးတာတွေရှိနေပြီးယခုလ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြံမြေအကျိုးဆောင်လက်မှတ် ထုတ်ပေးတော့မှာ ဖြစ်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်းကနေသိရပါတယ်။ အိမ်ခြံမြေ အကျိုးဆောင်လက်မှတ်ဟာ အိမ်ခြံမြေဝန်ဆောင်မှုပေးနေသူတွေအတွက် တရားဝင်မှတ်ပုံတင်လက်မှတ်မျိုးဖြစ်ကာ လတ်တလောမှာ […]

တနင်္သာရီတိုင်းကထွက်တဲ့ ငှက်သိုက် တစ်ကျပ်သား ကျပ်ငါးသောင်းကျော်ထိ ဈေးရနေ

တနင်္သာရီတိုင်းဒေသကြီးက ထွက်ရှိတဲ့ သဘာဝငှက်သိုက်တွေ တစ်ကျပ်သား ကျပ် ငါးသောင်းကျော်ထိ ဈေးကောင်းရနေတယ်လို့ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ ငှက်သိုက်လုပ်ငန်းကို မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်တို့မှာ အများဆုံးလုပ်ကိုင်ကြပြီး ဈေးရတဲ့အတွက် ဒေသခံငှက်သိုက်လုပ်ငန်း […]