လှိုင်သာယာရှိ CB ဘဏ် ဓါးပြတိုက်ခံရကာ ကျပ်သိန်း ၅၀ခန့်ပါသွား

ဖေဖော်ဝါရီလ ၁၀ရက်နေ့ နေ့လည် ၂နာရီ ၅၀မိနစ်အချိန်က လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ၆ရပ်ကွက် သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲ ဓါးပြတိုက်ခံခဲ့ရတာဖြစ်ပါတယ်။

“လူတစ်ယောက် ဘဏ်ထဲဝင်လာပြီး သေနတ်ပြလုတာ၊ ကောင်တာပေါ်ရှိတဲ့ သိန်း ၅၀ပါသွားတယ်လို့ပြောနေကြတယ်”လို့ အနီးဝင်းကျင်နေသူတစ်ဦးက ဆိုပါတယ်။

ဓါးပြတိုက်မှုကျူးလွန်ခဲ့သူသူ ဘဏ်ဝန်ထမ်းများကို သေနတ်ပြကာ ကောင်တာပေါ်ရှိ ၅၀၀၀ကျပ်တန် ကျပ်သိန်း ၅၀ကို လုယူသွားခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဓါးပြတိုက်မှုကျူးလွန်သူသည် ငွေကျပ်သိန်း ၅၀အား လုယူကာ ရန်ကုန်-ပုသိမ်ကားလမ်းဘေးမှာ အသင့်စောင့်နေတဲ့ AD Van အဖြူရောင် အငှားယာဉ်ပေါ်သို့တက်ကာ ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။