နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့မှ အဖွဲ့ဝင် ၂၈ ဦး လက်နက်၊ ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်

နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့မှ PDF အဖွဲ့ဝင် ကျား ၂၆ ဦး ၊ မ ၂ ဦး စုစုပေါင်း ၂၈  ဦး သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အမ်အေ၂-၁၊ အမ်အေ၁၁-၁၊ AK-47-၁၊ M4-၁၊ လက်လုပ်သေနတ်-၂၊ ပေါင်း၆လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်အိမ် ၁၃ ခု၊ ကျည် ၂၃၀ တောင့် များနှင့်အတူတပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့်လူငယ်များအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *