
တိုက်ပွဲများ ပြင်းထန်နေသည့် စစ်တွေ – ပုဏ္ဏားကျွန်းနယ်စပ်သို လက်နက်နှင့် လူအင်အား ထပ်မံဖြည့်တင်းနေမှုနှင့်အတူ နယ်စပ်တစ်လျှောက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် AA ဘက်မှ အထိအခိုက်များနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
တပ်မတော်ဘက်မှ နိုဝင်ဘာ ၂၄ ရက်မှစတင်၍ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် မင်းချောင်းတံတားကို ဖြတ်ကျော်ကာ ကွမ်းတောင်ကျေးရွာအနီးအထိ နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
