PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူ ၆,၁၆၀ ဦး အလင်းဝင်ရောက်ခဲ့ပြီးဖြစ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူ စုစုပေါင်း ၆,၁၆၀ ဦးအထိ အလင်းဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ရေးနှင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖိတ်ခေါ်မှုများကြောင့် လမ်းမှားရောက်နေသူများ အလင်းဝင်ရောက်လာကြပြီး အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း အလင်းဝင်ရောက်သူ ရာနှင့်ချီရှိကြောင်း သိရသည်။

ထိုပြင် အလင်းဝင်ရောက်ရန် ဆန္ဒရှိသူများအနေဖြင့် မိသားစု၊ ဆွေမျိုးများနှင့်အတူ ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အမြန်ဆုံး အလင်းဝင်ရောက်ကြရန် ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံဖိတ်ခေါ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *