မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ရှိခဲ့သည်ဟုဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားသည့်အမှုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ (genocide) လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သည်ဟု (ICJ) တရားရုံးက တစ်ဖက်သတ် ဆုံးဖြတ်ချက်အမိန့်ချမှတ်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ခြင်းမရှိဘဲ ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ဒေသခံများ၊ မြန်မာတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး စော်ကားခဲ့သည့် ARSA အကြမ်းဖက်သမားများအား တုံပြန်ခဲ့သည့် စစ်ဆင်ရေးသာဖြစ်သည်။ ARSA အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှု၊ ဖျက်ဆီးမှု၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုများကြောင့် မြိုရွာများ ပျက်စီးခဲ့ရပြီး ဒေသနေသူများနှင့်ဘင်္ဂါလီများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်းကို အချက်အလက်၊ အထောက်အထား၊ မှတ်တမ်းများဖြင့် တိကျစွာလျှောက်လဲ တင်ပြခဲ့ပြီးဖြစ်ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မတရားစွပ်စွဲခံရခြင်းသာဖြစ်ပြီး အပြီးသတ် အမိန့်မချမှတ်ခင် ကြားဖြတ်အမိန့်များ ချမှတ်စဉ်ကတည်းက ညွှန်ကြားချက်အတိုင်း နိုင်ငံတကာစံနှုန်းများနှင့်အညီ အတိအကျလိုက်နာဆောင်ရွက်ခဲ့သည်။ ယခုအပြီးသတ် အမိန့်ချမှတ်ခဲ့ရာတွင် တရားသူကြီး ၁၅ ယောက်စလုံး၏ ဆုံးဖြတ်ချက်ကို သဘောတူညီခဲ့ခြင်းမဟုတ်ဘဲ တရားသူကြီး ၉ ယောက်က သဘောတူညီခဲ့ပြီး တရားသူကြီး ၆ ယောက်က သဘောမတူကန့်ကွက်ခဲ့သောကြောင့် အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းမဟုတ်သည့်အတွက် (ICJ) တရားရုံး၏ ဆုံးဖြတ်ချက်သည် တရားမျှတမှုလုံးဝမရှိကြောင်း ထင်ရှားပေါ်လွင်ပါသည်။

သိုဖြစ်ပါ၍ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စကို မြန်မာနိုင်ငံရှိ ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုသည် တရားမျှတမှုလုံးဝ (လုံးဝ) မရှိပါသဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်လိုက်ပါသည်။

(မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)

Leave a Reply

Your email address will not be published. Required fields are marked *