အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ချက်များသည် ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာရမည့် အမိန့်များဖြစ်သော်လည်း ICJ တွင် ကိုယ်ပိုင် ရဲတပ်ဖွဲ သိုမဟုတ် စစ်တပ် မရှိပါ။ ထိုကြောင့် အထူးသဖြင့် အင်အားကြီးနိုင်ငံများနှင့် နိုင်ငံရေးအရ ထိလွယ်ရှလွယ်ဖြစ်သော အမှုများတွင် တရားရုံးအမိန့်ကို မလိုက်နာဘဲ ငြင်းဆန်ခဲ့သည့် သမိုင်းဝင်ဖြစ်စဉ်များ ရှိခဲ့ပါသည်။
၁။ အမေရိကန်နှင့် နီကာရာဂွါအမှု (၁၉၈၆)
နီကာရာဂွါအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ကွန်ထရာသူပုန်များကို အမေရိကန်က စစ်ရေး၊ ငွေကြေး ထောက်ပံ့ခြင်းနှင့် နီကာရာဂွါဆိပ်ကမ်းများတွင် မိုင်းထောင်ခြင်းတိုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ICJ က ဆုံးဖြတ်ခဲ့ပြီး နစ်နာကြေးပေးရန် အမိန့်ချခဲ့သည်။ သိုသော် အမေရိကန်က တရားရုံး၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုဘဲ အမိန့်ကို လိုက်နာရန် ငြင်းဆန်ခဲ့သည်။ နီကာရာဂွါက UNSC သို တင်ပြသော်လည်း အမေရိကန်က Veto သုံး၍ ပယ်ချခဲ့သည်။
၂။ ရုရှားနှင့် ယူကရိန်း အမှု(၂၀၂၂)
ယူကရိန်းနိုင်ငံအတွင်း စစ်ဆင်ရေးများ ပြုလုပ်နေခြင်းကို ချက်ချင်းရပ်တန့်ရန် ICJ က ရုရှားနိုင်ငံအပေါ် ကြားဖြတ် စီမံချက်အမိန့်ချမှတ်ခဲ့သော်လည်း ရုရှားက အဆိုပါအမိန့်ကို လုံးဝမလိုက်နာဘဲ စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
၃။ အစ္စရေးနှင့် တောင်အာဖရိကအမှု (၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပွားစေရန် ကာကွယ်တားဆီးရေး၊ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးနှင့် ရာဖာ(Rafah) မြို စစ်ဆင်ရေးကို ရပ်တန့်ရေးတိုအတွက် ICJ က အစ္စရေးအပေါ် ကြားဖြတ်အမိန့်များ ချမှတ်ခဲ့သည်။ သိုသော် အစ္စရေးက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ဆိုကာ စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
၄။ အီရန်နှင့် အမေရိကန် အမှု (၁၉၇၉ – ၁၉၈၀)
တီဟီရန်မြိုရှိ အမေရိကန်သံရုံး ဝန်ထမ်းများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းမှ ချက်ချင်းပြန်လွှတ်ပေးရန်နှင့် သံရုံးကို ပြန်လည်လွှပြောင်းပေးရန် ICJ က အီရန်ကို အမိန့်ချခဲ့သော်လည်း အီရန်အစိုးရက လိုက်နာခြင်း မရှိခဲ့ပေ။
၅။ အမေရိကန်နှင့် မက္ကဆီကို အမှု (Avena Case – ၂၀၀၄)
အမေရိကန်ပြည်ထောင်စုတွင် သေဒဏ်ချမှတ်ခံထားရသည့် မက္ကဆီကို နိုင်ငံသား ၅၁ ဦး၏ အမှုများကို ကောင်စစ်ဝန်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ပြန်လည်သုံးသပ်ပေးရန် ICJ က အမိန့်ချခဲ့သည်။ သိုသော် အမေရိကန် ဗဟိုတရားရုံးချုပ်က ICJ ၏ ဆုံးဖြတ်ချက်သည် ပြည်တွင်းဥပဒေအဖြစ် အလိုအလျောက် အာဏာမသက်ရောက်ဟု ဆုံးဖြတ်ခဲ့ပြီး အကျဉ်းသားအချိုကို ကွပ်မျက်ခဲ့သည်။
ICJ က အမိန့်ချခဲ့သော်လည်း မလိုက်နာခဲ့သည့် ကမ္ဘာ့နိုင်ငံများ
