■ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ICJ ၏ဆုံးဖြတ်ချက်သည် ပဋိပက္ခဖြေရှင်းရာတွင် အထောက်အကူမပြုဟု တရုတ်နိုင်ငံက ပြောကြား

လူနည်းစုဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)များအပေါ် မြန်မာနိုင်ငံကလူမျိုးတုံးသတ်မှုကို ကျူးလွန်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ကဆုံးဖြတ်ခဲ့ပြီးနောက် တရားစီရင်ရေးဆိုင်ရာ ကျော်လွန် လုပ်ဆောင်မှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း တရုတ်က ပြောကြားခဲ့ပြီး ICJ ၏ဆုံးဖြတ်ချက်သည် ပြဿနာကို ဖြေရှင်းရာတွင် အထောက်အကူမပြုဟု ဆိုသည်။

ဘင်္ဂါလီများကို ၂၀၁၇ တွင် မြန်မာ၏ဖြိုခွင်းမှုက လူမျိုးတုံးသတ်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂတရားရုံးICJ ကဆုံးဖြတ်ခဲ့ပြီးနောက် ပေကျင်း၏အထက်ပါ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“တရားစီရင်မှုကို ကျော်လွန်လုပ်ဆောင်တာ၊  အဓိပ္ပာယ်ဖွင့်ဆိုတာကိုချဲ့ထွင်တာ တိုလိုပြဿနာတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက စိုးရိမ်ပါတယ်။ အဲဒီလိုလုပ်ဆောင်တာတွေဟာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အထောက်အကူမပြုပါဘူး”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *