Friday, 10 October 2014
မုန့်လိပ်ပြာ

ပဲဗူးကိုဖောက်ပြီး ရေဆေးပြီး ရေစစ်ထားပါ
မုန့်လိပ်ပြာအတွက် ပဲယိုနှင့်လိပ်ရန် ဆန်ပြားရွက်
ဆန်ပြားရွက်ကို ရေအေးနှင့်ပျော့သွားတဲ့
အထိ မိနစ်ဝက်လောက်ရေစိမ်ပေးပါ
ရေစိမ်ထားသော ဆန်ပြားရွက်ကို ပန်းကန်ပြား
တစ်ချပ်ပေါ်တွင်တင်ပြီး ပဲယိုကိုအလယ်
တည့်တည့်မှာ ထမင်းစားဇွန်းတစ်ဇွန်း ပုံပေးပါ
ပဲယိုပေါ်သို့ အောက်ဖက်မှစပြီး စပြီး
ခေါက်တင်ပေးပြီးမှ ဘေးစနှစ်ဖက်ကို
တစ်ထပ်ချင်းခေါက်ပေးပါ နောက်ဆုံးမှ
ကျန်နေတဲ့ အစကိုအုပ်ပေးပြီး ပဲယိုကိုအုပ်ပါ
မုန့်လိပ်ပြာမွှေးမွှေးလေးရပါပြီ နှမ်းထောင်း
အုန်းသီးမှုန့်တို့ဖြူးပြီး စားသုံးနိုင်ပါပြီ
မြန်မာမုန့်လေးတွေကို နှစ်နှစ်သက်သက် ကြိုက်မိသူတွေအတွက် မုန့်လိပ်ပြာ လုပ်နည်းလေးပါ ဒီမုန့်လေး လုပ်စားရတာ အရမ်းလွယ်ပါတယ်။
တာမှာနေပြီး တောမှာကြီးခဲ့တဲ့ မာမာတစ်ယောက် မြန်မာမုန့်လေးတွေ ကြိုက်တာ မဆန်းဘူးထင်ပါတယ်
ငယ်ငယ်ထဲက စားခဲ့တဲ့ မုန့်လေးတွေရဲ့ အရသာကို နှစ်သက်နေကြအုံးမယ်ဆိုရင် ဒီနည်းလေးအတိုင်း အလွယ်တစ်ကူ လုပ်စားကြည့်နိုင်အောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ပဲနီ – တစ်ဗူး 400 g (ပြုပ်ပြီးသား ဗူးကိုသုံးထားပါတယ် )
Rice Paper – ၇ရွက်
သကြားအဖြူ (သို့) သကြားအညို – ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
ဆား – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ရေ – 2 cups (ပဲယိုထိုးရန်)
ရေ – လိုသလောက်သုံးပါ (ဆန်ပြားရွက် ရေစိမ်ရန်)
အုန်းသီးမှုန့် – မိမိနှစ်သက်သလောက်သုံးပေးပါ
ပြင်ဆင်ပုံ
ပဲဗူးကိုဖောက်ပြီး ပဲထဲမှာပါသော ရေများကိုသွန်ကာ ပဲများကို ရေတစ်ထပ်ဆေးပြီး ရေစေစ်ပေးပါ
ဇလုံတစ်လုံးထဲမှာ ရေစစ်ထားသော ပဲ ဆား သကြားတို့ကိုထည့်ပြီး ကျေသွားအောင် ချေထားပေးပါ
ပဲများကျေသွားတာနဲ့ မကပ်သော အိုးတစ်လုံးထဲမှာ ချေပြီးသားပဲနှင့် ရေကိုထည့်ပြီး မီးဖိုပေါ်တင်ကာ ယိုထိုးပေးပါ
ရေခမ်းသွားတာနဲ့ ပဲယိုကို မီးပိတ်ပြီး အအေးခံထားပါ
ပန်းကန်ပြား တချပ်ထဲမှာ ရေထည့်ပြီး ဆန်ပြားရွက်ကို တချပ်ချင်း မိနစ်ဝက်လောက် ရေစိမ်ပေးပါ
ရေစိမ်ပြီး ဆန်ပျားရွက် ပျော့သွားတာနဲ့ ပဲယိုကို ထမင်းစားဇွန်း တစ်ဇွန်းစာလောက် ထည့်ပေးပါ
ပြီးတာနဲ့ ဆန်ပြားဖတ်ရဲ့ အောက်ဖက်မှနေပြီး စပြီးခေါက်ပေးပါ
အောက်ဖက်မှ လိတ်ပြီးတာနဲ့ ဘေးနှစ်ဖက်ကို ပုံပါအတိုင်း ခေါက်ပေးပါ
ဘေးနှစ်ဖက် ခေါက်ပြီးတာနဲ့ အပေါ်ဘက်မှ ကျန်နေသော အစကို ခေါက်ပြီး အုပ်ပေးပါ
ပဲယိုကို အုပ်မိသွားတာနဲ့ မုန့်လိပ်ပြာ မုန့်ကိုအုန်းသီးဖြူးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။






