ပါဝင်ပစ္စည်းများ
ရွှေကြည်မှုန့်(semolina powder) – ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်
ပြေင်းကော်မှုန့် (Cornflour ) – ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဝက်
အုန်းနို့- ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်ခွဲ
ရေ – မင်းပေါင်းအိုးဆန်ချင်ခွက် ၃ခွက်
ကြက်ဥ – နှစ်လုံး
သကြားအညို (Brown sugar) – ထမင်းစားဇွန်းမောက်မောက် သုံးဇွန်းခွဲ
ထောပတ် – 70 g
ဘိန်းစေ့ (Poppy seeds) – အနည်းငယ်
ဆား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
ရွှေကြည်မှုန့်ကို အညိုရောင်သန်းလာတဲ့ထိ မီးအနေတော်နှင့် လှော်ပေးပြီး အအေးခံထားပေးပါ
ထောပတ်ကို ပျော်သွားအောင် မီးအနေတော်နဲ့အပူပေးထားပါ
အိုးတလုံးထဲမှာ အုန်းနို့ ရေ ဆား ခလောက်ထားသောကြက်ဥ သကြား cornflourတို့ကိုရောပြီမီးအနေတော်နှင့်ကျိုပေးပါ
ရေခမ်းပြီး ထောပတ်ဆီ ပြန်ထွက်လာတဲ့ထိ စိတ်ရှည်ရှည် မွှေပေးပါ
ထောပတ်ဆီ ထွက်လာပြီး မုန့်သားညက်လာပါက မုန့်ဖုတ်သည့် ဘန်းထဲသို့ပြောင်းထဲ့ပြီး မိုက်ခရိုဝေ့မီးဖိုထဲသို့ ထဲ့ကာ တစ်မိနစ်စီ ၆ခါလောက် အပူပေးပြီးရင် ရွှေကြည်ဆနွင်းမကင်း ရပါပြီ
ပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သလို လှီးပေးပြီး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
