ချင်းချဉ်တည်နည်း

ပါဝင်ပစ္စည်းများ

အခွံခွာပြီး ရေစင်အောင် ဆေးထားသော ချင်း – 100 g
သုံပုရာသီး – အနေတော် တစ်လုံး
ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
ချင်းကို ခပ်သေးသေး အမြှောင်းလေးတွေ ရအောင်လှီးပေးပါ
သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ချင်းထဲသို့အရည်ညှစ်ပေးပါ
ထိုအထဲသို့ ဆားရောထည့်ပြီး သမအောင် မွှေပေးပါ
အားလုံးသမသွားပါက ဖန်ပုလင်းထဲထည့်ပြီး တစ်ညသိပ် ထားပေးပါ
နောက်တစ်နေ့မှာ ချင်းအရောင် ပြောင်းလာပါ ချင်းချဉ်မွှေးမွှေးလေး ရပါပြီ
ချင်းသုပ် လက်ဖက်သုပ်တို့ သုပ်စားနိုင်ရန် အဆင်သင့် ရပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *