တပ်မတော်(ကြည်း၊ရေ၊လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင် စွမ်းဆောင်ရည် စစ်ဆေးမှုပြိုင်ပွဲမှာ အထက်ဖမ်းဆွဲပြိုင်ပွဲ၊ ၃.၂ ကီလိုမီတာ အပြေးတတ်ပြိုင်ပွဲ၊ ဗိုက်သားပြိုင်ပွဲ၊ လက်ထောက်မှောက်ပြိုင်ပွဲ၊ တိုက်ပွဲဝင်စွမ်းဆောင်ရည်ပြိုင်ပွဲတို့ကို တစ်ဦးချင်းနှင့် အသင်းအလိုက် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ပြိုင်ပွဲတွေကို ယခုနှစ်မှာ စတင်ကျင်းပခဲ့ခြင်းတာဖြစ်ပြီး နိုင်ငံတကာတပ်မတော်စွမ်းရည်ပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။