မိုးကုတ်မြို့နယ်၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် မီးပြန်ရ

မိုးကုတ်မြို့နယ်၌ ဇွန် ၂၈ ရက်တွင် နိုင်ငံတော်ဓာတ် အားစနစ်မှ လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

မိုးကုတ်မြို့နယ်၌လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် 66/33/11kV (30+10)MVA မိုးကုတ်ဓာတ်အားခွဲရုံ(နန်းနွဲ)နှင့် 33/11kV (5)MVA မင်းတံတားဓာတ်အားခွဲရုံ (၂) တိုရှိ ပျက်စီး/ပျောက်ဆုံးခဲ့သည့် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာပစ္စည်းကိရိယာများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်အစားထိုးပြင်ဆင်ပြုပြင်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဇွန် ၂၅ ရက်တွင် ပြန်လည်အစားထိုးပြင် ဆင်ပြုပြင်မှုများ အလုံးစုံပြီးစီး၍ Main ထရန်စဖော်မာ (30)MVA နှင့် sub ထရန်စဖော်မာ(10)MVA အား Float Charge လုပ်ငန်းကိုလည်းအောင်မြင်စွာပြုလုပ်ပြီး ဓာတ်အားရယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့မှုများကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြာမြင့်နေပြီဖြစ်သော မိုးကုတ်မြို့နယ် ၌ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *