ခိုင်းနွား(ဗမာနွား) တွေကို ဘယ်လိုမျိုး ကြံ့ခိုင်သန်စွမ်းအောင် မွေးမြူရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
- ➤မွေးမြူရေးလုပ်ငန်းအောင်မြင်ရန်-မျိုးကောင်းမျိုးသန့်များရွေးချယ်မွေးမြူပါ။-အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာကျွေးမွေးပါ။-စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပါ။-ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပါ။-ခိုင်မာသော ဈေးကွက်ရှိပါစေ။➤မွေးမြူနည်းစနစ်များ(၁) လွှတ်ကျောင်းစနစ်(၂) ခြံလှောင်စနစ်(၃) လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲစနစ်➤မြေနေရာရွေးချယ်ခြင်း-ရေဝပ်ရေကြီးခြင်းမရှိသောနေရာ။-မိုးရေနှင့် အညစ်အကြေးစီးဆင်းမှုလွယ်ကူစေရန် ကုန်းမြင့်သောနေရာ။-လူနေအိမ်နှင့် သီးခြားဖြစ်သောနေရာ။➤အဆောက်အဦးလိုအပ်ချက်-မည်သည့်စနစ်ကိုကျင့်သုံး၍ မွေးသည်ဖြစ်စေ၊ ခြံအဆောက်အဦးကို ဆောက်လုပ်ပေးပါ။-နွားတစ်ကောင်အတွက် အလျား(၇)ပေ၊ အနံ(၄)ပေ၊ အမြင့်(၈)ပေ အကျယ်အဝန်း ထားရှိပါ။-နွားကောင်ရေများပါက မျက်နှာချင်းဆိုင် (သို့) ဖင်ချင်းဆိုင်၍ အလယ်မှလူသွားရန်အတွက် ၃ပေခန့်အကျယ် လမ်းထားရှိပါ။-နံနက်ခင်း နေရောင်ရရှိနိုင်ရန်နှင့် မွန်းလွဲနေမကျစေရန် ဆောင်ရွက်ပါ။-အပူဒဏ်ခံနိုင်ရန် အမိုးကို ဓနိ/သက်ကယ်မိုးပါ။-နွားတင်းကုပ် လေဝင်လေထွက် ကောင်းပါစေ။-ကြမ်းပြင်သည်ချောမနေရ၊ သန့်ရှင်းမှုပြုလုပ်ရန် လွယ်ကူသော ကြမ်းခင်းဖြစ်ပါစေ။➤နွားထီးကျွေးမွေးစောင့်ရှောက်ခြင်းနှမ်းဖတ်- ၂၅ကျပ်သားမြက်ခြောက်၊ ကောက်ရိုး၊ ပဲမှော်- ၄ပိဿာဆား- ၁ကျပ်သားရောနှောကျွေးမွေးရန်။➤ခိုင်းနွားအထီးတစ်ကောင်အတွက် တစ်နေ့အစာဆန်ဖွဲနု၅၅ ကျပ်သားနှမ်းဖတ်(ဝါ) ပဲဖတ်၅၅ကျပ်သားဆား၃ ၁/၂ ကျပ်သား-အလုပ်များသောရာသီတွင် အစာကြမ်းအခြောက်(၅)ပိဿာ အထိကျွေးမွေးရန်။-နွားစာအစိမ်းနှင့် နွားစာအစိုဖြစ်ပါက (၄)ဆမျှကျွေးရမည်ဖြစ်သဖြင့် [(၅)ပိဿာအစား (၂၀) ပိဿာကျွေးရန်။]-အစာကို တစ်နေ့လျှင် (၂)ကြိမ်ခွဲကျွေးရန်၊-အလုပ်ခိုင်းပြီး တစ်နေ့ ဖွဲနုတစ်ပြည်စီကျွေးပေးပါက ကိုယ်အလေးချိန်လျော့နည်းခြင်းမရှိပါ။-အလုပ်နည်းသောရာသီတွင် လွှတ်ကျောင်းချိန်ရသဖြင့် မြေပဲဖတ်(ဝါ) နှမ်းဖတ် (၂၇.၅)ကျပ်သား၊ ကောက်ရိုး၊ ပြောင်းရိုးနှင့် နွားစာခြောက်(၃.၃)ပိဿာတို့ကို အစာလျှော့ကျွေးပါ၊ ဖွဲနုကျွေးရန်မလိုပါ။➤နွားမကြီးစာနှမ်းဖတ်၂၅% – တစ်နေ့နို့(၄)ပိဿာပေးနွားမအတွက် အစာ(၃)ပိဿာနှုန်းကျွေးရန်။ဖွဲနု၂၅%ဆန်ကွဲ၂၃% – စပ်စာတွင် ဆား ဝ.၅ – ၁% ထိထည့်ကျွေးရန်။ပဲခွံ၁၇%ပဲဖွဲ (ပဲမှုန့်)၁၀% – အစာကြမ်းကို တစ်နေ့ ၁၁-၁၆ ပိဿာခန့် ကျွေးပေးရန်၊ ရေအလုံအလောက်ထားပေးရန်။စုစုပေါင်း၁၀၀%➤မျိုးစပ်ခြင်းသဘာဝသားစပ်နည်းဖြင့်လည်းကောင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့်လည်းကောင်း သားစပ်နိုင်ပါသည်။-နွားမဒန်းသားစပ်ရန် အကောင်းဆုံးအချိန်- ၁၅ – ၁၈ လ-နွားငယ်လေးများနို့ခွဲခြင်း- အသက်(၆)လမှ (၈)လ-နွားထီးသင်းကွပ်ခြင်း- အသက်(၄)ပတ်မှ (၁၂)ပတ်-နွားမတစ်ကောင်၏ မြိုင်ကြားကာလ- ၂၁ ရက်-နွားမတစ်ကောင်၏ မြိုင်ပေါ်ကာလ- ၃ ရက်-နွားမတစ်ကောင်၏ ဇီးကာလ- ၂၈၀ – ၂၈၅ ရက်-နွားလေးမွေးပြီး နွားမကြီးအား သားစပ်ရန်အကောင်းဆုံးအချိန်- မွေးပြီးရက် (၆၀)ခန့်-သားပေါက်ခါနီးရက်(၆၀) အလိုသို့ ရောက်ပါက နွားမအား နို့မညှစ်သင့်ပါ။➤သားမွေးစဉ်စောင့်ရှောက်ခြင်း-သားမွေးရန် တစ်ပတ်အလိုခန့်မှစ၍ သန့်ရှင်းခြောက်သွေ့သော အခန်းတွင် သီးခြားထားပါ။အစာနု လျှော့ကျွေးပါ။➤မွေးဖွားကာနီး နွားမတွင်တွေ့ရသောလက္ခဏာများ-အစာစားလိုစိတ်နည်းသွားခြင်း။-လှဲလိုက် ထလိုက် ဂဏှာမငြိမ်ဖြစ်ခြင်း။-အမတန်ဆာ ကြီးလာခြင်း/ အချွဲများကျခြင်း။-နို့အုံတွင် နို့များပြည့်လာခြင်း/ တင်းလာခြင်း။-မကြာခဏအော်ခြင်း / ညှစ်ခြင်း။➤မွေးဖွားလာသည့် နွားငယ်ကလေးပြုစုခြင်း-နွားငယ်လေး၏ ပါးစပ်၊ နှာခေါင်းတို့တွင်ရှိသော အချွဲများ ဖယ်ရှားပေးပါ။-အသက်မရှုနိုင်ပါက ပါးစပ်အတွင်းသို့ လေမှုတ်သွင်းပေးပါ။-ချက်ကြိုးအလွန်ရှည်ပါက အရက်ပျံစိမ်ထားသော ကြိုးဖြင့် ချက်ကြိုးအရင်းမှ (၃)လက်မခန့်ခွာ၍ချည်ပြီး ဖြတ်ပေးပါ။ တင်ချာအိုင်အိုဒင်း သုတ်ပေးပါ။-ရေမွှာပေါက်ပြီး သားမမွေး နိုင်လျှင်လည်းကောင်း၊ သားမွေးပြီး (၂၄)နာရီကျော်သည်အထိ အချင်းမကျသေးလျှင်လည်းကောင်း တိရစ္ဆာန်ဆေးကုဆရာဝန်ထံ အကူအညီတောင်းခံပါ။➤နွားငယ်မွေးမြူစောင့်ရှောက်ခြင်း-နွားလေးမွေးပြီး (၇၂)နာရီအတွင်း နို့ဦးရည်ကို သောက်စို့စေရန်။-နွားကလေး၏ ကိုယ်အလေးချိန်(၁၀)ပိဿာလျှင် နို့တစ်ပိဿာ နှုန်းနှင့်မှန်း၍ တိုက်ကျွေးရန်။-အသက်(၂)လကျော်ပါက ဖွဲနု ၃၄%၊ နှမ်းဖတ် ပဲဖတ်မှုန့် ၃၀%၊ ဆန်ကွဲ(သို့) ပြောင်းမှုန့် ၃၀%၊ ဆား ၁%၊ ခရုမှုန့် ၅% အစာနု စပ်၍နံနက်(၂၅)ကျပ်သား၊ ည (၂၅)ကျပ်သား ကျွေးမွေးပေးရန်။-နို့တစ်ဝက်လျှော့တိုက်ရန်။-မြက်စိမ်းကို တစ်နေ့လျှင် (၂၅)ကျပ်သားခန့်ကျွေးရန်။
