အာဆီယံကို ဖိအားပေး လော်ဘီလုပ်နေသည့် APHR နှင့် SAC-M ၏ လှည့်ကွက်များ

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် နိုင်ငံအချင်းချင်း အပြန်အလှန် လေးစားမှု၊ အချုပ်အာဏာ တည်တံ့ခိုင်မြဲမှုနှင့် ပြည်တွင်းရေးသို ဝင်ရောက်စွက်ဖက်မှု မပြုရေးဟူသော မူဝါဒများကို အခြေခံသည့် “လွတ်လပ်၍ တက်ကြွပြီး ဘက်လိုက်မှုမရှိသော နိုင်ငံခြားရေးဝါဒ” ကို တစိုက်မတ်မတ် ကျင့်သုံးလျက် ရှိပါတယ်။

ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို အမြဲတမ်း တန်ဖိုးထား လက်ကိုင်ထားကာ နိုင်ငံတကာ အသိုက်အဝန်းနှင့် သံတမန်ရေးရာ၊ စီးပွားရေးရာ ပူးပေါင်း ဆောင်ရွက်မှုများကို တန်းတူညီမျှမှုရှိစွာဖြင့် ဆက်လက် တိုးမြှင့်ဆောင်ရွက်လျက် ရှိပါတယ်။

မြန်မာနိုင်ငံသည် အာဆီယံ (ASEAN) အဖွဲအစည်းနှင့် ဆက်ဆံရာတွင် အာဆီယံပဋိဥာဉ်စာတမ်းပါ မူဝါဒများ၊ တူညီဆန္ဒဖြင့် ဆုံးဖြတ်ချက်ချမှတ်ရေးစနစ်နှင့် အဖွဲဝင်နိုင်ငံတို၏ အချုပ်အခြာအာဏာကို လေးစားရန် ဟူသော အချက်များကို အပြည့်အဝ လိုက်နာကျင့်သုံးလျက် ရှိပါတယ်။

အာဆီယံအဖွဲ၏ လုပ်ငန်းစဉ်များသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး ဖွံဖြိုး တိုးတက်ရေးနှင့် အဖွဲဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုရမှာ ဖြစ်ပါတယ်။

အာဆီယံသည် ပြည်ပမှ ဖိအားပေး လော်ဘီလုပ်နေသည့် အဖွဲအစည်းများ၏ သွေးထိုး လှုဆော်မှုများကြောင့် အာဆီယံ၏ မူဝါဒများ သွေဖည်သွားခြင်း မရှိစေရေးအတွက် အမြဲတမ်း အလေးထား ဆောင်ရွက်လျက် ရှိပါတယ်။

APHR, SAC-M ကဲ့သိုသော ပြည်ပအခြေစိုက် ဆန့်ကျင်ဘက် အဖွဲအစည်းများနှင့် အကြမ်းဖက် NUG ၏ နောက်လိုက် လော်ဘီအဖွဲများသည် အာဆီယံထိပ်သီးအစည်းအဝေးများ နီးကပ်လာချိန်တိုင်းတွင် မမှန်မကန် ဝါဒဖြန့်မှုများ၊ ဖိအားပေးတောင်းဆိုမှုများကို မဟာဗျူဟာမြောက် လုပ်ဆောင်လေ့ ရှိကြပါတယ်။

၎င်းတို၏ ရည်ရွယ်ချက်မှာ အာဆီယံအဖွဲနှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးရာ ဆက်ဆံရေး ပျက်ပြားစေရန်၊ ဒေသတွင်း တည်ငြိမ်မှုကို နှောင့်ယှက်ရန်နှင့် နိုင်ငံတကာ ရန်ပုံငွေများ ဆက်လက် ရရှိစေရန်အတွက် နိုင်ငံရေးအရ အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ ပြည်ပ စွက်ဖက်မှုများကို အမျိုးသားအကျိုးစီးပွား၊ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ အချုပ်အာဏာ ဆိုင်ရာ ရပ်တည်ချက်များဖြင့် ခိုင်မာစွာ ရင်ဆိုင်တုံပြန်လျက် ရှိပါတယ်။

သိုဖြစ်ပါ၍ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်ဖြင့် အခြေအမြစ်မရှိဘဲ လိုရာဆွဲ တောင်းဆိုနေသည့် APHR နှင့် SAC-M တို၏ လုပ်ကြံဖန်တီးထားသော ထုတ်ပြန်ချက်များနှင့် ပြည်ဖျက် မီဒီယာများ၏ ဝါဒဖြန့်မှုများကို မြန်မာမျိုးချစ်အဖွဲက ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *