တရုတ်မှာ ရှီကျင့်ဖျင်၊ ပူတင်တို့နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်း ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်သီတင်းပတ်အတွင်းတရုတ်နိုင်ငံကိုသွားရောက်ချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ထားကြောင်း နိုဝင်ဘာလ ၈ ရက်မှာ ပြောပါတယ်။ 

အဲဒီတွေ့ဆုံမှုကို နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ တရုတ်နိုင်ငံမှာကျင်းပမယ့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC)  ထိပ်သီးအစည်းအဝေး ပြင်ပမှာပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

ထရမ့်က ရှီကျင့်ဖျင်၊ ပူတင်တို့နဲ့တွေ့ဆုံဆွေးနွေးပွဲမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအပြင် အီရန်ပဋိပက္ခ အဆုံးသတ်ရေးကိစ္စတွေကိုလည်း  ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ အမေရိကန်သမ္မတရဲ့အခုလိုပြောဆိုမှုဟာ ကမ္ဘာ့အင်အားကြီးသုံးနိုင်ငံရဲ့ ခေါင်းဆောင်တွေ ပထမဆုံးအကြိမ်ထိပ်သီးတွေ့ဆုံပွဲပြုလုပ်နိုင်မယ့်အလားအလာကို ပိုမိုနီးစပ်လာစေပါတယ်။ အဲဒီတွေ့ဆုံမှုအတွက်ဆွေးနွေးနေကြောင်း တရုတ်နဲ့ရုရှားတို့ကလည်း ယခင်ကထုတ်ဖော်ပြော ထားပါတယ်။

ရုရှားသမ္မတပူတင်က သုံးနိုင်ငံတွေ့ဆုံမှုမှာ ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးကို ဆွေးနွေးလိုကြောင်း အဆိုပြုထားတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ ဒါပေမဲ့ တွေ့ဆုံမယ့်အစီအစဉ်နဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကိုအတည်ပြုထားခြင်း မရှိသေးပါဘူး။ Ref: BP

Leave a Reply

Your email address will not be published. Required fields are marked *