လောဘကြီးရင်
သူရထိုက်ငါရထိုက်တယ်ဆိုပြီး
အငြင်းသန်တတ်လို
ဘယ်သူနဲ့မှအဆင်မပြေပါဘူး ။
ဒေါသကြီးရင်း
ထစ်ခနဲရှိစိတ်တိုတတ်တဲ့အတွက်
ဘယ်သူနဲ့မှမတည့်နိုင်ပါဘူး။။
အလိုနည်းရင် မငြင်းရတော့လို့
နေထိုင်ရတာ အဆင်ပြေပါတယ် ။
မေတ္တာများရင် မပူရတော့လို့
နေရတာ အေးမြချမ်းသာပါတယ် ။
အနိုင်ရချင်အပိုင်ရချင်တဲ့စိတ်ဟာ
ကိုယ့်ကို ပန်းစေတတ်ပါတယ် ။
လောဘကိုလျော့အတ္တကိုခွာမယ်ဆိုရင်
ကိုယ်ဘ၀ဟာ အဆင်ပြေပါတယ် ။
လူတိုင်းလိုချင်နေတဲ့ချမ်းသာဟာ
အသိနဲ့ယှဥ်တဲ့စိတ်ချမ်းမှုလောက်တော့
တန်ဖိုးအရမ်းနည်းပါတယ် ။
စိတ်ချမ်းသာမှုအတွက်ဟာ
လိုချင်စရာမှုတွေ ပုံပေးလို့မရပါဘူး ။
ကိုယ့်တရားအသိလေးနဲ့ပဲ
စိတ်ချမ်းသာအောင် ရှာဖွေထားပြီး
နေထိုင်တတ်ဖို့ကြိုးစားကြရမှာပါ ။
🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏