ပိုက်ဆံအိတ် (သို့မဟုတ်) ပိုက်ဆံသေတ္တာထဲမှာ မထားသင့်တဲ့ လာဘ်ပိတ်စေသော ပစ္စည်းများ

ပိုက်ဆံအိတ်ထဲမှာ မလိုအပ်တဲ့အရာတွေ ထည့်ထားမိတဲ့အခါ မကောင်းတဲ့စွမ်းအင်တွေ ဖြစ်ပေါ်စေတတ်ပါတယ်။ ငွေကုန်ကြေးကျ ငွေကုန်ပေါက်တွေ များလိမ့်မယ်။ ကျန်းမာရေး လူမှုရေး ထိခိုက်မှုတွေ ကြုံရသလို လာဘ်ပိတ်တာတွေ ငွေကြေးအလိမ်ခံရတာတွေ ဖြစ်တတ်ပါတယ်။

ကောင်းသောစွမ်းအင်ဖြစ်စေတတ်သည့်အရာတွေကို သင့်ပိုက်ဆံအိတ်ထဲမှာ ထည့်ထားမယ်ဆိုရင် အဆက်မပြတ် ငွေဝင်နေမှာ ဖြစ်သလို ငွေကုန်ပေါက်တွေလည်း လျော့နည်းသွားပါလိမ့်မယ်။ ဈေးဆိုင်ရဲ့ ငွေသေတ္တာထဲမှာ ထည့်ထားမယ်ဆိုရင်တော့ လာဘ်လာဘတွေ ပွင့်စေပြီး ရောင်းသူတစ်ယောက် ဝယ်သူတစ်ထောင် ဖြစ်စေတဲ့အထိ အကျိုးပေးစွမ်းပါတယ်။သင့်ပိုက်ဆံအိတ် (သို့မဟုတ် )ငွေသေတ္တာထဲမှာ ဘေလ်၊ ပြေစာ ဟောင်းများ၊ receipt ဟောင်းများ ညစ်ညမ်းပုံများ၊ သေဆုံးပြီးသူများပုံ၊ ကြမ်းတမ်း ရက်စက်သော ပုံများ။(မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်။)

တိုလီမိုလီ မှတ်စုများ၊ လိပ်စာကဒ် အဟောင်းများ၊ သက်တမ်းကုန်နေတဲ့- membership card များ သုံးမရအောင် စုတ်ပြတ်နေတဲ့ ငွေစက္ကူများ ခေါက်တွန့်နေတဲ့- ငွေစက္ကူများ (ခေါက်နေတဲ့ ပိုက်ဆံကို ဖြန့်ထည့်ပါ။) သွားရည်စာ မုန့်တွေနဲ့ ဆေးများ။ (ဆေးများဟာ- ကျန်းမာရေး ပြဿနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ။)

လက်သည်းညှပ်နဲ့ ကပ်ကြေး အပါအဝင်- ချွန်ထက်တဲ့ အရာများ။ကျွမ်းကျင်သော နက္ခတ်ပညာရှင်အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော- အဆောင်များ၊ ပရိတ်ချည်၊ လက်ဖွဲ့ စသည်များ (သီးသန့် ထားပါ။)

သင့်ပိုက်ဆံအိတ် (သို့မဟုတ်) ငွေသေတ္တာထဲမှာထည့်ထားသင့်တဲ့အရာတွေကတော့ ငွေ၊ ကြေးဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်းအရာများ။ အထူးသဖြင့် ငွေဒင်္ဂါး။ လက်ချမီး မယ်တော်ပုံ- ရုပ်ပုံတော်ဖြစ်စေ- ကြေးဒင်္ဂါးဖြစ်စေ၊ ဗောဓိညောင်ရွက် (အထူးသဖြင့်- နှလုံးရောဂါရှိသူများအတွက်)၊ ပင်လယ်ခရုခွံများ (စကြာဝဠာ စွမ်းအင်ကြောင့် ဖြစ်ပါသည်။) ဆန်စေ့ ၂၁- စေ့ (အင်မတန် အကျိုးများပါတယ်။) ဂျင်းဖက်လေးအနည်းငယ် (ငွေကိုဆွဲဆောင်နိုင်စေသည်) ကိုထည့်ထားခြင်းဖြင့်ကောင်းသောစွမ်းအင်တွေကို ဖြစ်ပေါ်စေကာအကျိုးစီးပွားလာဘ်လာဘတိုးတက်ကြစေ။

Leave a Reply

Your email address will not be published. Required fields are marked *