အိမ်တွင်းလေထု သန့်စင်ပေးနိုင်တဲ့ ယောက္ခမလျှာ အပင်

ဒီအပင်ကတော့ မြွေတူပင်၊ မြွေပန်းပင်၊ ယောက္ခမလျှာ စသည်ဖြင့် နာမည်မျိုးစုံ ခေါ်ဆိုကြပြီး စာဖတ်သူတို့နဲ့ ရင်းနီးလိမ့်မယ်လို့ ထင်ပါတယ်။ ယောက္ခမလျှာအပင်ရဲ့ မူရင်းဒေသတွေကတော့ အာဖရိကဒေသတွေဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်းဒေသနဲ့ ကွန်ဂိုနိုင်ငံတို့ ဖြစ်ပါတယ်။ ဒီအပင်ဟာ နှစ်ရှည်ပင်၊ အမြဲစိမ်းပင်ဖြစ်ပြီး သူ့မှာ မြေလျှောက်ပင်စည်လည်း ပါရှိပါတယ်။ ပင်စည်ဟာ တစ်ခါတစ်ရံ မြေအောက်မှာ တွေ့ရတတ်သလို မြေပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ အရွက်အရင့်တွေဟာဆိုရင်တော့ အစိမ်းရင့်ရောင်နဲ့ မီးခိုးဖျော့ရောင်ရှိပြီး တွန့်လိမ်ပြီး ကွေးနေတတ်ပါတယ်။ အရွယ်ရောက်ပြီးသား အပင်မှာ အရွက်ဟာ ၂၈ လက်မမှ ၃၅ လက်မှထိ ရှည်လျားကြီးထွားနိုင်ပါတယ်။ အရွက်ရဲ့ မျက်နှာပြင် အကျယ်ဟာ ၂ လက်မမှ ၂.၄ လက်မ ဝန်းကျင်အထိ ရှိတတ်ပါတယ်။ အပင်ဟာ သူ့အတွက် ကောင်းမွန် သင့်တော်တဲ့ ပတ်ဝန်းကျင်မှာ ဆိုရင် အမြင့် ၆ ပေ လောက်အထိကို ရှင်သန်ကြီးထွားနိုင်တာပဲ ဖြစ်ပါတယ်။

ဒီအပင်ဟာဆိုရင် အပင်မျိုးစိတ် အနည်းငယ်မှာသာ တွေ့ရတတ်တဲ့ ဇီဝကမ္မဖြစ်စဥ်တစ်ခုကို အသုံးပြုပြီး အောက်စီဂျင်နဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ် ဖလှယ်တဲ့ အလုပ်ကိုလုပ်ပေးပါတယ်။ အဲ့ဒီ အခြေအနေကြောင့်ပဲ ဒီအပင်ဟာ ရေငတ်တဲ့ ဒဏ်ကို ကောင်းကောင်း ခံနိုင်ရည်ရှိတာလည်း ဖြစ်ပါတယ်။ အရွက်ရဲ့ မျက်နှာပြင်မှာ ရှိနေတဲ့ လေရှူပေါက်တွေဟာ အောက်စီဂျင်နဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ် ဖလှယ်တဲ့ အလုပ်ကို လုပ်ပေးပါတယ်။ လေရှူပေါက်တွေဟာ ညဘက်မှာသာလျှင် ပွင့်တာဖြစ်ပြီး နေ့ခင်းဘက်မှာတော့ ရေငွေ့ပျံခြင်းကို ကာကွယ်ဖို့အတွက် ပိတ်ထားတာပဲ ဖြစ်ပါတယ်။ ညဘက်လေရှူပေါက်တွေ ဖွင့်တဲ့ အချိန်မှာတော့ အောက်စီဂျင်ကိုပါ ထုတ်လွှတ်ပေးတာဖြစ်ပါတယ်။

ယောက္ခမလျှာပင်ဟာ အိမ်တွင်းလေကိုသန့်စင်ပေးနိုင်တဲ့ အပင်(၉)မျိုးထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး မြွေတူပင်၊ မြွေပန်းပင်လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို လဲလှယ်ပေးတဲ့အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ ယောက္ခမလျှာပင်ဟာ အမြဲစိမ်းပင်ဖြစ်ပြီး အိမ်တွင်းလေကို သန့်စင်ပေးပါတယ်။

ယောက္ခမလျှာပင်ဟာ အခန်းတွင်းရှိ အဆိပ်အတောက်ဖြစ်စေတဲ့ အဆိပ်အတောက်တွေ၊ နိုက်ထရိုဂျင်အောက်ဆိုက်၊ ဘင်ဇိုင်းနဲ့ အခြားအန္တရာယ်ဖြစ်စေတဲ့ အနံ့အသက်တွေကိုလည်း သန့်စင်ပေးပါတယ်။

ရန်ကုန်မြို့လို လေထုညစ်ညမ်းမှုအများဆုံးဖြစ်နေတဲ့ မြို့မှာ မဖြစ်မနေစိုက်ပျိုးထားသင့်ပါတယ်။ ယောက္ခမလျှာပင်ဟာ စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရလည်း မခက်ခဲပါဘူး။ ရေအများကြီးလောင်းဖို့မလိုသလို အများကြီးလောင်းမိရင်လည်း အမြစ်ပုပ်ဆွေးသွားနိုင်ပါတယ်။

ယောက္ခမလျှာပင်ရဲ့ ထူးခြားချက်မှာ အလင်းရောင်နည်းနည်းပဲရတဲ့နေရာမှာတောင် ရှင်သန်နိုင်ပါတယ်။ ညဘက်တွေမှာ အောက်ဆီဂျင်ကို ထုတ်လုပ်ပေးလို့ အိပ်ခန်းထဲရှိ စားပွဲပေါ်မှာ စိုက်ပျိုးထားမယ်ဆိုရင် မိမိအိပ်ခန်းထဲက လေတွေကိုပါ သန့်စင်ပေးနိုင်ပါတယ်။

ဒါကြောင့် သင့်ရဲ့ တိုက်ခန်းက အပင်အများအပြားစိုက်ဖို့ နေရာလည်းမလောက်ဘူး ပြတင်းပေါက်ပါဝင်မှုလည်း နည်းတယ်ဆိုရင် သင့်အိမ်မှာ မဖြစ်မနေ ယောက္ခလျှာပင်ကိုတော့ မဖြစ်မနေ စိုက်ပျိုးထားသင့်ပါတယ်။ ဒါမှသာ အခန်းတွင်းမှာ အောက်ဆီဂျင်ထုတ်လွှတ်မှုရှိပြီး မိမိရှူရှိုက်မိတဲ့လေကလည်း သန့်စင်လတ်ဆတ်နေမှာပဲဖြစ်ပါတယ်။

အချို့သော သုတေသနပြု ဖော်ပြချက်​တွေ အရ ဒီအပင်ဟာ အိမ်တွင်းနဲ့ အခန်းတွင်းထဲမှာ ဓာတ်ပြု အဆိပ်အတောက် ဖြစ်စေတဲ့ အငွေ့အသက်တွေ၊ ဥပမာ ဖော်မလင်နံ့၊ နိုက်ထရိုဂျင် အောက်ဆိုက်၊ ဘင်ဇိုင်းနဲ့ အခြား အန္တရာယ်ဖြစ်စေတဲ့ အနံ့အသက်တွေကိုလည်း သန့်ရှင်းစေတယ်လို့ သိရပါတယ်။

 စိုက်ပျိုး ထိန်းသိမ်းရတာ လွယ်ကူသလို လေကိုလည်း သန့်စင်ပေးတဲ့ အတွက်ကြောင့် မိမိရဲ့အိမ်အတွင်းမှာရော ခြံဝန်းထဲမှာပါ အလှစိုက်အပင်အနေနဲ့ စိုက်ပျိုးသင့်ကြောင်း ရေးသားရင်း။

Leave a Reply

Your email address will not be published. Required fields are marked *