ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁)သာသနာရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပသွားမည့် အခြေအနေများ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့်အကျိုးတော်ဆောင် ဆရာတော်ကြီးများအမှူးပြုသော ဒေသခံဆရာတော်များပင့်ဆောင်ပြီး ကထိန်သင်္ကန်းနှင့်အတူ အခြံအရံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည့်အခြေအနေများ၊ သံဃာရာမကျောင်း ဆောင် ၄ ဆောင်တွင် သီတင်းသုံးကြမည့် ဆရာတော်ကြီးများ စိတ်နှလုံးချမ်းမြေ့စေရေးအတွက် ရေ၊ မီး၊ သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေးပူးပေါင်းဆောင်ရွက်ရေး၊ အခမ်းအနားသို့ ကြွရောက်တော်မူလာကြမည့် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ရာတွင် ဆွမ်းနှင့်ဆွမ်းဟင်းလျာများကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေး သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနများ၊ ဆရာတော်ကြီးများအား ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန် သံဃာရာမ ကျောင်းဆောင် အဆောင် ၂ တွင် ယခင်နှစ်များနည်းတူ အနောက်တိုင်းဆေးခန်းနှင့် တိုင်းရင်း ဆေးခန်းများ ဖွင့်လှစ်ပေးရန် လိုအပ်မှုအခြေအနေများ၊ ပဒေသာပင်များကို တင့်တင့်တယ်တယ်နှင့်ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ပဒေသာပင်များအား ကထိန်ခံကျောင်း တိုက်သို့ ပို့ဆောင်ရာတွင် စနစ်တကျရှိစေရေး စီမံဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည်နှင့်အညီ လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် လစ်ဟာမှုများမရှိအောင် ဆပ်ကော်မတီများအလိုက် စနစ်တကျစီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားကြရန်နှင့်ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကြီး ခန့်ညားထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီအသီးသီးက စနစ်တကျစီစဉ်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးနှင့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
