မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုခြင်း 

▪️ မြွေကိုက်ခံရသည့် ဒဏ်ရာကို သန့်ရှင်းသောအဝတ်ဖြင့် ခပ်ဖွဖွသုတ်ပါ။

▪️လက်သုံးလုံးပတ်လည်အရွယ်ရှိ သန့်ရှင်းသော အဝတ်(သို) ပတ်တီးကို ခေါက်၍ မြွေကိုက်ဒဏ်ရာပေါ်တွင် တင်ပါ။

▪️အဝတ်ခေါက်၏ အပေါ်တွင် ပတ်တီး (သို) အဝတ်စဖြင့် တင်းသည်ဆိုရုံမျှ ချည်နှောင်ပါ။

▪️ပတ်တီးစည်းနှောင်ထားသော ခြေ၊ လက်အား မလှုပ်ရှားနိုင်အောင် ခြေဆစ်၊ လက်ဆစ်တိုအပေါ်၌ ဝါးခြမ်း (သို) တုတ်ချောင်းရှည်ဖြင့် ကပ်၍ ကြိုး (သို) အဝတ်စဖြင့် စည်းပါ။

▪️လူနာကို လှုပ်ရှားမှုလုံးဝ မပြုလုပ်စေဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းသို အမြန်ဆုံးပိုဆောင်ပါ။

▪️ဖြစ်နိုင်ပါက မြွေသေ (သို) မြွေ၏ ဦးခေါင်း၊ အမြီး၊ ဝမ်းဗိုက်၊ ကျောတိုအား တယ်လီဖုန်းဖြင့် ဓာတ်ပုံရိုက်၍ ဆေးရုံသို ယူလာပါ။

မြွေမကိုက်အောင် ဘယ်လိုကာကွယ်ရမလဲ

  • အလုပ်အသွားနဲ့ အပြန်ချိန်တွေ‌ဖြစ်တဲ့ မနက်‌စောစောနဲ့ ညနေ နေဝင်ရီတရော အချိန်တွေမှာ တုတ်ဖြင့် ခြောက်လှန့်ခြင်း ၊ ခြေသံပေးခြင်း
  • ကောက်လှိုင်း ၊ချုံပုတ် ၊ သစ်ပုံတွေကို ကိုင်မယ်ဆိုရင် အရင်ဆုံး အသံပေး ၊ ရိုက်ပုတ်ပြီးမှသာ ကိုယ်တွယ်ရန်
  • မြွေများတဲ့ဒေသတွေမှာ သွားလာရင် လည်ရှည်ဖိနပ် (တွတ်ပီဖိနပ်) စီးရန်
  • ညအချိန် သွားလာရင် ဓါတ်မီး မီးအိမ်များ အသုံးပြုခြင်း
  • (အထူးသဖြင့် ကလေးများ) တွင်း ၊ သစ်ခေါင်းများကို လက်ဖြင့် ရမ်းနှိုက်ခြင်း မလုပ်ရန်
  • အိမ်ထဲ၊ ခြံထဲတွင် မြွေမခိုအောင်းစေရန် ချုံအမှိုက်များ ရှင်းလင်းခြင်း
  • အိမ်မွေးခွေး ၊ကြောင် ၊ ငန်းစသည်တို့ရဲ့ အော်သံ လှုပ်ရှားသံများကို ဂရုစိုက်ခြင်း
  • အဆိပ်မရှိတဲ့ မြွေ‌တွေကို အန္တရာယ် ‌မပေးရန်
  • မြွေနဲ့တွေ့ရင် ရန်သွားမစရန်
  • အဆိပ်ရှိအစွယ်နှင့် ခြစ်မိနိုင်သည့်အတွက်မြွေအသေကို ဂရုတစိုက်ကာကွယ်ရန်
  • မြွေအသေနှင့် မဆော့ရန်
  • ဒါတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ မြွေအန္တရာယ်ကာကွယ်ရေးနဲ့ အရေးပေါ်ပြုစုကုသမှုများပဲ ဖြစ်ပါတယ် ။
  • မိဘပြည်သူအပေါင်းမြွေအန္တရာယ်ကင်းကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *