

ကရင်ပြည်နယ်၊ ဖာပွန်မြိုနယ်အတွင်း နိုဝင်ဘာ ၄ ရက်က KNU တပ်မဟာ (၅) အဖွဲကို ရှင်းလင်းဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ NUG အကြမ်းဖက်အဖွဲ၏ လော်ဘီမီဒီယာတစ်ခုက ကျမ်းစာသင်ကျောင်းအပါအဝင် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါရေးသားဖြန့်ဝေမှုသည် အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၄ ရက်က အကြမ်းဖက်နှိမ်နင်းရေး ရှင်းလင်းဆောင်ရွက်မှုအတွင်း KNU တပ်မဟာ (၅) မှ ဗျူဟာမှူးဆိုသူ ဖိုးလေးထူးအပါအဝင် အကြမ်းဖက်သမားအချို သေဆုံးခဲ့ကြောင်းသိရသည်။
တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ကရင်ပြည်နယ်သာမက ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်အဖွဲများ အခြေပြုလှုပ်ရှားသည့် ဒေသများကိုလည်း ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
