ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲထားသည့်အမှု နိုဝင်ဘာ ၁၉ ရက် အမိန့်ချမည်

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားပြီး နိုင်ငံ ၁၁ နိုင်ငံက ကြားဝင်ပါဝင်ထားတဲ့အမှုနဲ့ ပတ်သက်လို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့မနက် ၁၀ နာရီမှာ အမိန့်စီရင်ချက်ကို ချမှတ်သွားမယ်လို နိုဝင်ဘာ ၃ ရက်မှာ ကြေညာပါတယ်။

ဒီအမှုကိစ္စ အများပြည်သူရှေ့မှောက် ကြားနာပွဲကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ ငြိမ်းချမ်းရေး နန်းတော်မှာ နိုဝင်ဘာ ၁၉ ရက်မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပြီး၊ အဲဒီကြားနာပွဲမှာ တရားရုံးဥက္ကဋ္ဌ တရားသူကြီး အိဝါဆာဝါ ယူဂျိက တရားရုံးရဲ့ အမိန့်ဒီကရီကို ဖတ်ကြားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *