အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နျူကလီးယားစစ်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုဟု မြောက်ကိုရီးယားဝေဖန်

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်ခဲ့သည့် Iron Mace ကွပ်ကဲမှုဌာနချုပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုသည် သမားရိုးကျစစ်အင်အားနှင့် နျူကလီးယားတပ်ဖွဲ့များ ပေါင်းစပ်အသုံးပြုရေးကို အဓိကထားပြီး မြောက်ကိုရီးယားအပေါ် နျူကလီးယားလက်နက် အသုံးပြုမည့် စစ်ပွဲအတွက်ကြိုတင်လေ့ကျင့်မှုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ဝေဖန်လိုက်သည်။

Iron Mace စစ်ရေးလေ့ကျင့်မှုသည် ရန်လိုသည့်အမည်နာမဖြင့် ပြုလုပ်ထားသည့် အလွန်အန္တရာယ်ကြီးမားသော နျူကလီးယားစစ်ပွဲ ကြိုတင်လေ့ကျင့်မှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းအလုပ်သမားပါတီဗဟိုကော်မတီဒုတိယဌာနမှူးကပြောသည်ဟု KCNA သတင်းဌာနက နိုဝင်ဘာလ ၂ ရက်တွင်ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်သည် နျူကလီးယားလက်နက်ကိုအသုံးပြု၍ မြောက်ကိုရီးယားကို ဖိနှိပ်ချုပ်ကိုင်ရန်  ဆန္ဒရှိနေကြောင်း စစ်ရေးလေ့ကျင့်မှုက   ဖော်ပြပြီး ခြိမ်းခြောက်မှုများမှာလည်း နေ့စဉ်ပိုမိုပြင်းထန်လာကြောင်း  ၎င်းကပြောသည်။   Ref: Sputnik

Leave a Reply

Your email address will not be published. Required fields are marked *