၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့တို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (Lao PDR) သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာကြကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့ (Vientiane Capital) ရှိ ဝပ်တိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြရာ လာအိုပြည်သူ့တပ်မတော် အထွေထွေအတွင်းရေးမှူး၊ လာအို PDR ကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
၎င်းခရီးစဉ်သည် မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာတိုးတက်စေရန် ရည်ရွယ်ကြောင်း သိရသည်။


