၁။ ၂၀၂၇ ခုနှစ်၊ (၈၂)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုပြိုင်ပွဲဝင်ရန် စာမူများဖိတ်ခေါ်အပ်ပါသည်။ ဆုရရှိသောဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း များအား မြဝတီရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ကဗျာနှင့်ဝတ္ထုများအား စာအုပ်အဖြစ် စီစဉ်ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ၂။ ပြိုင်ပွဲဝင်စာမူများတွင် ပါဝင်ရမည့်အချက်များ (က) မြန်မာနိုင်ငံဟူ၍ ဖြစ်တည်ပေါ်ပေါက်လာသည့်အချိန်မှစပြီး တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ခဲ့သည့်အဖွဲ့အစည်းတစ်ရပ်အဖြစ် ခိုင်ခိုင်မာမာရပ်တည်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်တွင် အမျိုးသားရေးကို မည်သည့်အခါမျှ သစ္စာမဖောက်ခဲ့သည့်အပြင် စွန့်လွှတ် စွန့်စားခြင်း၊…