ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စီတာပူမနောကွင်း၌ သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယနေ့ အောက်တိုဘာ ၂၈ ရက်မှစတင်ကာ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို ဒေသတွင်းရှိ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်နယ်အတွင်း တီထွင် ဆန်းသစ်မှုရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များတိုးတက်ထုတ်လုပ်လာနိုင်စေရန်၊ ဒေသထွက်စိုက်ပျိုးမွေးမြူ ရေးထွက်ကုန်များကိုအခြေခံသည့် ထုတ်ကုန်များအား ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲလာနိုင်စေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။…