ကျွဲ/နွား ၊ သိုး/ဆိတ်ကို ​ဘယ်​နေရာ​တွေ ​ဆေးထိုးရလဲ

တိရစ္ဆာန်​ဆေးကုဆရာဝန် ရှားပါး​သော၊ တိကုဆရာဝန်​ခေါ်ရန် အလွန်ခက်ခဲ​သော ၊ တိကုဆရာဝန်မရှိ​သော အရပ်​ဒေသများမှ တိရစ္ဆာန်​မွေးမြူသူများအတွက် အဆင်​ပြေ​စေရန် ဖြစ်ပါသည်။ အကောင်းဆုံးမှာ တိရစ္ဆာန်​ဆေးကုဆရာဝန်ဖြင့် ပြပြီး ကုသ​ပေးခြင်း သို့မဟုတ် တိရစ္ဆာန်​ဆေးကုဆရာဝန်၏ လမ်းညွှန်မှုဖြင့် ကုသခြင်းသာ ​ဆောင်ရွက်​စေလိုပါသည်။

🏥 ​ဆေး​ပေးနည်း (သို့မဟုတ်)ဆေးထိုးနည်းများ 💉

(၁) အသားထဲ ​ဆေးထိုးခြင်း (IM)

(၂) အ​ရေပြား​အောက် ​ဆေးထိုးခြင်း (SC)

(၃) ​သွေး​ကြောထဲ ​ဆေးထိုးခြင်း (IV)

(၄) နို့တိုင်အတွင်း ​ဆေးသွင်းခြင်း (IMI)

(၅) ဝမ်းဗိုက်အတွင်း တိုက်ရိုက် ​ဆေးထိုးခြင်း (IP)

(၆) ပါးစပ်မှ တိုက်​ကျွေး၍ ​​ဆေး​​ပေးခြင်း (PO)

(၇) နှာ​ခေါင်းမှ ဖြန်း၍ ​ဆေး​ပေးခြင်း(IN)

(၈) အနာဒဏ်ရာများကို တိုက်ရိုက် ပွတ်လိမ်းခြင်း သို့မဟုတ် ပက်ဖြန်း၍ ​ဆေး​ပေးခြင်း

(၁) အသားထဲ ​ဆေးထိုးခြင်း (IM)

🔹️သိုးငယ်၊ ဆိတ်ငယ်၊ နွားငယ်များကို အသားထဲ​ဆေးထိုးရန် ​ပေါင်အသား နှင့် တင်ပါအသား နေရာရှိ အသားထဲသို့ ​ဆေးထိုး ကြသည်။ ​ဆေးအများစုကို အသားထိုး​ဆေး(IM) အဖြစ် အသုံးပြုရတာ များသည်။ အသားထဲ ​ဆေးထိုရာတွင် အပ်ကို သင့်​တော်သည့် အရွယ်အစား နှင့် အလျားကို အသုံးပြု၍ အ​ရေပြား​ပေါ် ၉၀ ဒီဂရီ တည့်တည့် ထိုး​ပေးရသည်။

အသက်အရွယ်အရ ၂၂ / ၂၀ ဂိတ် အရွယ်အစားရှိ ၀.၅ လက္မ အပ်အလျားဖြင့် သိုးငယ်၊ ဆိတ်ငယ်၊ နွားငယ်များကို အသားထဲ​ဆေးထိုးသင့်သည်။ လူသုံး​ဆေးထိုးပိုက်နှင့်အပ်များကိုလည်း အသုံးပြုနိုင်သည်။

🔸️နွားလတ် နှင့် နွားကြီးများကို လည်အိုး​နေရာရှိ အသားထဲသို့ ထိုး​ပေးခြင်းသာ အ​ကောင်းဆုံးဖြစ်သည်။ ​တင်ပါးအသားကိုလည်း ထိုးကြသည်။

သိုး/ဆိတ်ကြီးများတွင် လည်အိုး​နေရာ၊ ​ပေါင် နှင့် တင်ပါး​နေရာ ရှိ အသားထဲ ထိုးလို့ ရသည်။

သိုး/ဆိတ်ကြီးများကို ၂၀/၁၈ / ၁၆ ဂိတ်အရွယ်အစားရှိ ၀.၇၅ အပ်အလျားဖြင့် ထိုးရပြီး နွားလတ်နှင့် နွားကြီးများကို ၁၈ သို့မဟုတ် ၁၆ ဂိတ်အရွယ်အစားများကို ၁ လက္မ သို့မဟုတ် ၁.၅ လက္မအလျားရှိ အပ်များဖြင့် ​ဆေးထိုးကြသည်။

ကျွဲ/နွားကြီးများတွင် ကျွမ်းကျင်ပါက လူတွင် သုံးသည့် ၁၈ ဂိတ် အရွယ်အစားကို ၂ လက္မခန့် အပ်အလျားအပ်များဖြင့်လည်း အပ်ကို အရင် ထိုးစိုက်ပြီး ​ဆေးထိုးကြသည်။

(၂) အ​ရေပြား​အောက်​ဆေးထိုးခြင်း (SC)

▪︎ ကျွဲ/နွား နှင့် သိုးဆိတ်ကို အ​ရေပြား​အောက်​ဆေးထိုးရန် လည်အိုး နေရာရှိ အ​ရေပြား​အောက် ​ထိုးနှံမှုများသည်။ အ​ရေပြား​​အောက်​ဆေးထိုးရန် ၂၂ သိုမဟုတ် ၂၀ သို့မဟုတ် ၁၈ သို့မဟုတ် ၁၆ ဂိတ်အရွယ်အစားများကို ၀.၅ လက္မအလျားအပ်များဖြင့် တိရစ္ဆာန်အရွယ်အစား​ပေါ်မူတည်ပြီး ​ရွေးချယ်ထိုးနှံရမည်။ အ​ရေပြားကို အ​ပေါ်ဆွဲယူ၍ ထိုးသင့်သည်။

(၃) ​သွေး​ကြောထဲ​ဆေးထိုးခြင်း (IV)

နားရွက် နှင့် လည်ပင်း​သွေး​ကြောများ အတွင်းသို့ ​ဆေးထိုးသွင်းခြင်း ဖြစ်သည်။ တချို့​ဆေးဝါးများကို အာနိသင်မြန်မြန်ရ​စေရန် ဒီနည်းကို အသုံးပြုသည်။​ကျွမ်းကျင်မှုရှိရန် အထူးလိုအပ်သည်။

▪︎ လိပ်ပြာအပ်(Scalp Vein Needle)

▪︎၂၀ စီစီ ပိုက်နှင့် အတူပါတဲ့ အပ်

▪︎၁၈ ဂိတ် ၂ လက္မအရှည် အပ်

▪︎ဆလိုင်းပိုက်နှင့် ပါတဲ့ အပ် စသည်တို့ဖြင့် ​ထိုးကြသည်။

(၄) နို့တိုင်အတွင်း ​ဆေးသွင်းခြင်း (IMI)

ကျွဲ/နွား နှင့် သိုးဆိတ်မများတွင် နို့အုံ​ရောင်​ရောဂါအတွက် နို့တိုင်ထဲသို့ ​ဆေးသွင်းခြင်း ​ဆောင်ရွက်၍ ကုသကြသည်။

(၅) ဝမ်းဗိုက်အတွင်း တိုက်ရိုက်​ဆေးထိုးခြင်း (IP)

▪︎ အ​ရေး​ပေါ် အ​ခြေအ​နေများတွင်သာ အသုံးများသည်။ မဖြစ်မ​နေအ​ခြေအ​နေတွင် ကျွမ်းကျင်သူများသာ အသုံးပြုသင့်သည့် ​ဆေးထိုးနည်းလမ်း ဖြစ်သည်။

(၆) ပါးစပ်မှ တိုက်​ကျွေး၍ ​​ဆေး​​ပေးခြင်း (PO)

▪︎ ဒီလို ​ဆေး​ပေးရာတွင် ပါးစပ်ထဲ တိုက်ရိုက်တိုက်​ကျွေးခြင်း၊ ​ရေထဲ၊ အစာထဲ မှ တဆင့် ​ဆေး​ပေးခြင်းများ သုံးနိုင်သည်။ ​ဆေး​​ပေးရ လွယ်ကူသည်။ နွားကို သက်​သောင့်သက်သာ ပိုဖြစ်​စေ၍ စိတ်ဖိစီးမှု နည်း​စေသည်။

ကျွဲ/နွား၊ သိုး/ဆိတ် စတဲ့ စာမြုပ်ပြန်တိရစ္ဆာန်များသည် အစာအိမ်အူလမ်း​ကြောင်းတွင် အကျိုးပြုပိုူ​လေးများဖြင့်လည်း အစာ​ချေခြင်းပြုလုပ်ကြ၍ ပဋိဇီဝတိုက်​ဆေးများကို မဖြစ်မ​နေ လိုအပ်မှသာ တိရစ္ဆာန်​ဆေးကုဆရာဝန်၏ လမ်းညွှန်မှုအရ တိုက်​ကျွေးသင့်သည်။ သို့မဟုတ်ပါက ပဋိဇီဝတိုက်​ဆေးများ​ကြောင့် အကျိုးပြုပိုး​လေးများ ပျက်စီး​ေ-သဆုံး၍ အစာ​ချေခြင်းလုပ်ငန်းကို ထိခိုက်​စေတတ်ပါသည်။

ပဋိဇီဝကုသ​ဆေးများမှလွဲ၍ အား​ဆေးနှင့်တခြား​ဆေးများကို တိုက်​ကျွေးလို့ ရပါသည်။

(၇) နှာ​ခေါင်းအတွင်း ​ဆေး​ပေးခြင်း (IN)

▪︎ ဒီ​ဆေး​ပေးနည်းကို တချို့ ကာကွယ်​ဆေးများ​ပေးရာတွင်သာ သုံးကြသည်။

(၈) အနာဒဏ်ရာများကို တိုက်ရိုက် ပွတ်လိမ်းခြင်း သို့မဟုတ် ပက်ဖြန်း၍ ​ဆေး​ပေးခြင်း

အ​ရေပြားနှင့် အသားတွင် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ ရှနာ၊ ​လောက်ဝင်နာ စသည့် အနာမျိုးမျိုးကို အနာကျက်​စေရန်​ ဆေးမှုန့်များ ဖြူး​ထည့်​ပေးခြင်း၊ ခရင်ပုံစံ လိမ်း​ဆေးများ ပွတ်လိမ်း​ပေးခြင်း နှင့် ဖြန်း​ဆေးဘူးများဖြင့် အနာကို ဖြန်း​ပေးခြင်းများ ပြုလုပ်လို့ ရပါတယ်။ အနာကျက်ဖြန်း​ဆေးများကို အသုံးပြုခြင်းဖြင့် အ​ဝေးတ​နေရာမှ ​ဆေးဖြန်း​ပေးနိုင်သည်။ ​ဆေးဖြန်းရန် ထိန်းချုပ်ဖို့ မလိုအပ်​ပေ။ လူကို အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ပြီး ဖြစ်​စေသည်။

ကျွဲ/နွား ကို ထိုး​ဆေးများထိုရန် အ​လေ့အကျင့်နှင့် ကျွမ်းကျင်မှုလိုပါသည်။ သို့မဟုတ်ပါက လူကို အန္တရာယ်ဖြစ်​စေနိုင်သည်။ ​​သေချာ ပိုင်နိုင်စွာ ထိန်းချုပ်ပြီးမှသာ ​ဆေးထိုးခြင်းကို ​ဆောင်ရွက်သင့်သည်။

Crd . ဒေါက်တာ​အောင်သူမျိုး (B.V.Sc.) (တဆမ – ၃၈၂၇ )

Leave a Reply

Your email address will not be published. Required fields are marked *