အစိမ်းရောင်ရွှေ (သို့) ဝါးကို ဘယ်လိုမျိုးပွားမလဲ

ဝါးပင်အား မျိုးပွားခြင်းနည်း (၂) နည်းရှိပါသည်။ ၎င်းတို့မှာ-
 (က) ဝါးစေ့ကို အသုံးပြု၍မျိုးပွားခြင်း
 (ခ) ခန္ဓာပိုင်းများကိုအသုံးပြု၍မျိုးပွားခြင်းဟူ၍ဖြစ်သည်။
ဝါးစေ့သည် နှစ်အပိုင်းအခြားတစ်ခုရောက်မှသာရရှိနိုင်သည့်အတွက် အချိန်တိုင်း (သို့) နှစ်စဉ်ဝါးစေ့မှ မျိုးပွားရယူနိုင်ရန်မှာ မလွယ်ကူလှပေ။ သို့ဖြစ်၍ဝါးများကိုမျိုးပွားနည်းကိုအဓိကအသုံးချ မျိုးပွားနိုင်သည်။
၁။ ဝါးစေ့ကိုအသုံးပြု၍မျိုးပွားခြင်း (Reproductive Propagation)
ဝါးစေ့များပျိုးထောင်ရန် မျိုးဖောက်ဘောင်ပြုလုပ်ခြင်း (Germination bed preparation) ဝါးစေ့များကို မျိုးဖောက်ရန် အကျယ် (၄)ပေ၊ အလျား (၂၀)ပေ၊ နှင့် အမြင့် (၈)လက်မခန့့်ရှိ မျိုးဖောက်ဘောင်များကို နေရောင်ခြင်းကောင်းစွာရရှိပြီး၊ ရေမဝပ်သည့် မြေနေရာတွင်ပြုလုပ်ထားရပါမည်။ မျိုးဖောက်ပေါင်အတွင်း သဲ၊ ဖွဲပြာနှင့် မြေဆွေး တို့ကို (၅:၃:၂) အတိုင်းရောစပ်၍ မျိုးဖောက်ဘောင်အတွင်းတွင် ထည့်သွင်းပြီး မျက်နှာပြင် ညီညာစေရန်ညှိပေးရပါမည်။
၂။ ဝါးပင်ပိုင်း (ခန္ဓာပိုင်း) မျိုးပွားခြင်း (Vegetative propagation)
    အဓိကအားဖြင့် လက်တွေ့လုပ်ဆောင်ရာတွင် လွယ်ကူထိရောက်သော ဝါးခန္ဓာပိုင်းမျိုးပွားခြင်း နည်းစနစ် (၄)မျိုးရှိသည်။ ၎င်းတို့မှာ-
    ၁။ ဝါးအမြစ်ဆုံကို အသုံးပြုမျိုးပွားခြင်း (Bamboo Rhizome Cuttings)
    ၂။ ဝါးဘေးကိုင်းတက်များအားမြေထုတ်စည်းမျိုးပွားခြင်း (Bamboo layerings)
    ၃။ ဝါးအဆစ်ဖြတ်မျိုးပွားခြင်း (Bamboo culm cuttings)
    ၄။ ဝါးတစ်ပင်လုံးအား မြေကြီးတွင်လဲလျောင်းပျိုးထောင်းခြင်း (Bamboo Branch Cuttings)

Leave a Reply

Your email address will not be published. Required fields are marked *