UFC 333 ပြိုင်ပွဲကို ယူအေအီးနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

UFC  အဖွဲ့ချုပ်က UFC 333   ပြိုင်ပွဲကို သတ်မှတ်ထားသည့်အတိုင်း ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။‌

UFC အဖွဲ့ချုပ်က UFC 333 ပြိုင်ပွဲကို အောက်တိုဘာလ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် လက်ရှိကာလအတွင်း  UFC 333  ပြိုင်ပွဲကို  ရွှေ့ဆိုင်းဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း UFC 333 အဖွဲ့ချုပ်က ပြိုင်ပွဲကိုရွှေ့ဆိုင်းကျင်းပမည်မဟုတ်ဘဲ သတ်မှတ်ထားသည့်ရက်အတိုင်းသာ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသနိုင်ငံတချို့ရှိ နိုင်ငံတကာလေဆိပ်များ၌ လုံခြုံရေးအခြေအနေများကြောင့်  ပြိုင်ပွဲတချို့ကိုကျင်းပရန်ရွှေ့ဆိုင်းခဲ့သော်လည်း UFC အဖွဲ့ချုပ်က  UFC 333   ပြိုင်ပွဲကို   ရွှေ့ဆိုင်းကျင်းပမည်မဟုတ်ဘဲ   သတ်မှတ်ထားသည့်အတိုင်းကျင်းပရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

UFC 333 ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းဖြစ်သည့် UFC ဖယ်သာဝိတ်တန်းချန်ပီယံကာ ကွယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ သြစတြေးလျဖိုက်တာ ဗိုကာနော့စကီးနှင့် စိန်ခေါ်သူ ရုရှားဖိုက်တာ အီဗာလော့ဗ်တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။  Ref;MMA Tales

Leave a Reply

Your email address will not be published. Required fields are marked *