
တက္ကသိုလ်ကျောင်းသားများ နှစ်နှစ်ကြာ ယာယီကျောင်းနား၍ စစ်မှုထမ်းဆောင်ရမည်ဆိုသည့် လူမှုကွန်ရက်ပေါ် ပျံ့နှံနေသော သတင်းမှာ မမှန်ကန်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် အသိပေးရှင်းလင်းခဲ့သည်။
လူမှုကွန်ရက်ပေါ်ရှိ Yangon Media အမည်ဖြင့် ဖော်ပြထားသော Page တစ်ခုက တက္ကသိုလ်ကျောင်းသားများ ယာယီကျောင်းနား၍ စစ်မှုထမ်းရမည်ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းတွင် စစ်မှုထမ်းရန် မဲပေါက်သူများသည် တက္ကသိုလ်ကျောင်းသားဖြစ်နေသော်လည်း နှစ်နှစ်ကြာ ကျောင်းနား၍ စစ်မှုထမ်းရမည်ဖြစ်ပြီး ရွှေ့ဆိုင်းခွင့်မရှိကြောင်း၊ ထိုပြင် မဲပေါက်ထားသူများ ထွက်ပြေးခြင်းမရှိစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID Smart Card များကို သိမ်းဆည်းထားကြောင်း ဖော်ပြခဲ့သည်ဟု ဗဟိုအဖွဲက ဆိုသည်။
