





ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် ၄ ဆူကို အင်းလေးဒေသဝဲယာ (၂၁) ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံပင့်ဆောင်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့က နမ့်ဟူးရတနာစံ ကျောင်းတော်မှာ ကျင်းပခဲ့တယ်။
▪️ အခမ်းအနားအပြီးမှာ ရုပ်ရှင်တော်မြတ်လေးဆူကို အင်းသားရိုးရာဆွဲလှေ (၁၂) စင်းနဲ့ သတ်မှတ်ရေလမ်းခရီးအတိုင်း ပင့်ဆောင်ခဲ့ကြပြီး ဒီနေ့ အောက်တိုဘာလ ၁၃ ရက်မှာ အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမ စံကျောင်းတော်သို ဆက်လက်ကြွချီပူဇော်ခံသွားမယ်လို့ သိရတယ်။
