နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတိုဖြင့် လည်း ကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည် ဖြစ်သည်။

ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်း အချောထည် အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်း အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြစ်သည်။

(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *