ဆော်ဒီအာရေးဗီးယား ကမ်းလွန်မှာ အမေရိကန်ရေတပ်ရဲ့ MH-60R Seahawk တို-က်ခိုက်ရေး ဟယ်လီကော်ပတာတစ်စီး အရေးပေါ် အချက်ပြစနစ် ပိုပြီးတဲ့နောက် လေကြောင်းလိုင်း စောင့်ကြည့်စနစ် (flight-tracking platforms) တွေပေါ်ကနေ ပျေ-ာက်ကွယ်သွားတယ်လို BNO News က ဖော်ပြထားပါတယ်။
သတင်းဖော်ပြချက်တွေအရ ဒီဟယ်လီကော်ပတာဟာ အမြင့်ပေ ၄၇၅ ပေလောက်မှာ ပျံသန်းနေတုန်း အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြထားတဲ့ အမြင့်ပေက သုညအထိ ချက်ချင်းထိုးဆင်းသွားပြီး ရေဒါပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ပိုစ်တွေမှာတော့ ဒီဟယ်လီကော်ပတာဟာ ပင်လယ်နီ (Red Sea) ထဲ ပျ-က်ကျသွားတာ ဖြစ်နိုင်တယ်လို ရေးသားနေကြကြောင်းလည်း သတင်းမှာ ပါရှိပါတယ်။
အမေရိကန် ရေတပ်ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို ဖြစ်စေ၊ ဘာကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ရတာလဲ ဆိုတာကို ဖြစ်စေ တစ်စုံတရာ အတည်ပြု သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
