အီရန်စစ်ပွဲကိုအဆုံးသတ်ဖို့ ကြိုးပမ်းနေစဉ် အိုမန်နိုင်ငံဘက်ကသာ အဟန့်အတားပြုလုပ်လာမယ်ဆိုရင် အိုမန်ကို ဗုံးကြဲမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁၇ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အီရန်စစ်ပွဲ စတင်ခဲ့တာ ၆ လနီးပါးကြာမြင့်လာပြီဖြစ်ပေမယ့် ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိသေးဘဲ ရေရှည်ကြန့်ကြာနေချိန်မှာထရမ့်က အခုလိုသတိပေးချက် ထုတ်ပြန်လိုက်တာပါ။
“အိုမန်သာ အဟန့်အတားလုပ်လာရင် သူတို့ကို ပြင်းပြင်းထန်ထန် ဗုံးကြဲပစ်မယ်” လို့ ထရမ့်က Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာပြောခဲ့တာပါ။ ကမ္ဘာ့ရေလမ်းကြောင်းမှ ရေနံတင်ပို့မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာနေတဲ့ မဟာ ဗျူဟာမြောက် ဟော်မုရေလက်ကြားမှာ စစ်ပွဲကြောင့် သင်္ဘောသွားလာမှုတွေ ပိတ်ဆို့နေခဲ့တာပါ။
ရေလက်ကြားမြောက်ဘက်မှာ အီရန်နိုင်ငံရှိပြီး တောင်ဘက်မှာ အိုမန်နိုင်ငံတည်ရှိနေတာကြောင့် နှစ်နိုင်ငံစလုံးဟာ ရေလက်ကြားကိုထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်နိုင်ငံကြားရေလမ်းကြောင်းသတ်မှတ်ရေးအတွက် သဘောတူညီချက် ရရှိပြီလို့ သိရပါတယ်
