နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ် ရှင်သန် ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက်တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုး ညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိ မြို့နယ်ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ရေဆင်း)မှ…