တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းခေါ်ယူခြင်း

၁။       လျှောက်ထားသူသည်-

(က)    ၂ဝ၂၇ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အသက်(၂၀)နှစ်ထက်မကြီးရ။

(ခ)      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

(ဂ)      အနည်းဆုံး အရပ်(၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။

(ဃ)    မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

(င)      တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ(သို့မဟုတ်)ဝိပ္ပံဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူ ဖြစ်ရမည်။

၂။       လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂ဝ၂၆ ခုနှစ်၊ ဇွန်လ(၂၉) ရက်နေ့မှစ၍ အခမဲ့ရယူနိုင်သည်။

၃။  လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။

၄။       လျှောက်လွှာကို  ၂ဝ၂၆  ခုနှစ်၊  ဩဂုတ်လ(၂၇)ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။

၅။       သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသောလျှောက်လွှာရှင်များသာ တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုကြရမည်။

၆။       တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲတွင် တက္ကသိုလ်ဝင်စာမေးပွဲသင်ရိုးညွှန်းတမ်းအတိုင်း အောက်ပါဘာသာရပ်များကို ဖြေဆိုကြရမည်-

(က)    အင်္ဂလိပ်စာ။

(ခ)      သင်္ချာ။

၇။       ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် မိမိတို့လျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်တည်ရှိသည့်မြို့၌ဖြေဆိုကြရမည်။

၈။       ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲဖြေဆိုရမည့် နေရာနှင့်အချိန်ကို သတင်းစာမှကြော်ငြာပေးမည်။

၉။       ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။

၁ဝ။     ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်သူများသည် တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် အချိန်မီပေးပို့သွားမည်။

၁၁။     သတ်မှတ်ထားသည့်အချက်အလက်များကို တိကျပြည့်စုံစွာရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသားဖော်ပြသောလျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မိမိတို့လျှောက်လွှာတင်သွင်းသည့်ဌာနတွင် ရွေးချယ်ခြင်းခံရသည်/မခံရသည်ကိုသွားရောက်စုံစမ်းမေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

Leave a Reply

Your email address will not be published. Required fields are marked *