လာအိုနိုင်ငံသမ္မတအိမ်တော်၌ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ဖြင့် လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်နှင့် ဇနီးတို့က လာအိုနိုင်ငံသမ္မတအိမ်တော် (Presidential Palace) ၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြသည်။

လာအိုနိုင်ငံသမ္မတအိမ်တော်သည် ဗီယင်ကျန်းမြိုလယ်တွင် တည်ရှိသည့် လာအိုနိုင်ငံ၏ အရေးပါဆုံး နိုင်ငံတော်အဆင့် ဧည့်ခံအဆောက်အအုံများအနက် တစ်ခုဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများ၊ တော်ဝင်ဧည့်သည်တော်များနှင့် နိုင်ငံခြားခေါင်းဆောင်များအား တရားဝင်ကြိုဆိုဧည့်ခံရာ နေရာအဖြစ် အသုံးပြုလျက်ရှိသည်။ အဆောက်အအုံသည် ပြင်သစ်ကိုလိုနီခေတ် ဗိသုကာလက်ရာနှင့် လာအိုရိုးရာအနုပညာလက်ရာများ ပေါင်းစပ်တည်ဆောက်ထားသည့် အထင်ကရ နိုင်ငံတော်အမွေအနှစ် အဆောက်အအုံတစ်ခုလည်း ဖြစ်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့က ခရီးဦးကြိုဆိုခဲ့ပြီး လာအိုကလေးငယ် (၂) ဦးက ပန်းစည်းများပေးအပ်၍ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံသမ္မတများသည် အလေးပြုခံစင်မြင့်၌ နေရာယူခဲ့ကြပြီး လာအိုနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနှင့် လာအိုနိုင်ငံတော်သီချင်းများကို တီးခတ်ဂုဏ်ပြုခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံသမ္မတများသည် ဂုဏ်ပြုတပ်ဖွဲ၏ အလေးပြုခြင်းကို ခံယူကာ တပ်ဖွဲအား စစ်ဆေးခဲ့ပြီး နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များကို အပြန်အလှန် မိတ်ဆက်ပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *